မန္တလေး ဇွန် ၂၂

 

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနက တိုင်းဒေသကြီး (ငွေလုံးငွေရင်း) ရန်ပုံငွေဖြင့် ပုသိမ်ကြီး မြို့မအစမှ ဇီးချိုကုန်း - ညောင်ပင်သာ - ဆင်ရွာကြီး ကျေးရွာချင်းဆက် လမ်းပေါ်တွင် Box culvert လုပ်ငန်း တည်ဆောက်မှုများကို ဇွန် ၂၀ ရက် နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးကြသည်။

 

အဆိုပါ ကျေးရွာချင်းဆက်လမ်းများတွင် Box culvert  လုပ်ငန်းများအား အမရပူရခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး (မြို့ပြ) ဦးသိန်းထွန်းဦးက ကွင်းဆင်းစစ်ဆေးခဲ့ပြီး ပုသိမ်ကြီးမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ (မြို့ပြ) ဒေါ်မိုးခိုင်နှင့်အဖွဲ့က လုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းများအား ရှင်းလင်းတင်ပြကြသည်။

 

ယင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက ကျေးရွာခုနစ်ရွာ၊ အိမ်ခြေ ၂၅၉၄ အိမ်၊ လူဦးရေ ၁၁၂၀၁ ဦးတို့၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုကို များစွာ အထောက်အကူပြုမည်ဖြစ်သည်။

 

ဇာနည်ကိုကို (ပြန်/ဆက်)