နေပြည်တော် ၁၄ ဇွန်
မန္တလေးတိုင်းဒေကြီး၊ ပုသိမ်ကြီးမြို့နယ်၊ (၁၆)မိုင်စစ်ဆေးရေးစခန်း၌ ဇွန် ၁၃ ရက်က လျှပ်စစ်ဒီတို နေတာများ တင်ဆောင်လာသည့်ယာဉ်အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ဇွန် ၁၃ ရက် ညနေ ၅ နာရီခွဲက သက်သေများနှင့်အတူ (၁၆)မိုင်စစ်ဆေးရေးစခန်း၌ ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် ပြင်ဦးလွင်ဘက်မှ မန္တလေးဘက်သို့ ဇေယျာသီရိမြို့နယ်၊ ကျောက်ချက်ကျေးရွာနေ ထက်နိုင်ဦးမောင်းနှင်ပြီး ယာဉ်ပေါ်တွင် ပျဉ်းမနားမြို့၊ အောင်ချမ်းသာ ရပ်ကွက်နေ ကျော်ကျော်ဌေး၊ မအေးအေးနွယ်နှင့် မင်္ဂလာခေါင်ရပ်ကွက်နေ ဇင်မင်းဦးတို့ လိုက်ပါလာ သော မှန်လုံယာဉ်အား ရပ်တန့်ရှာဖွေရာ အလျား(၁၃)ပေ ခန့်ရှိ လျှပ်စစ်ဒီတိုနေတာ အချောင်း(၂၉,၄၀၀)၊ အလျား (၆)ပေခန့်ရှိ လျှပ်စစ်ဒီတိုနေတာ အချောင်း (၆,၀၀၀)တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ထက်နိုင်ဦးပါ ၄ ဦးအား အုန်းချောနယ်မြေ ရဲစခန်းမှ (ပ)၁၃၁/၂၀၂၀၊ ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းများအက် ဥပဒေပုဒ်မ ၅ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
(ရဲပြန်ကြား)