ပုသိမ် ၂၆ စက်တင်ဘာ
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ ပညာရှင်များ ပူးပေါင်း၍ လူငယ် နှင့် စာရိတ္တခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း ဆွေးနွေးပွဲကို ယနေ့နေ့လည်(၁)နာရီက အခြေခံပညာ အထက်တန်း ကျောင်းခွဲ (အ.လ.က-၃) မြဝတီခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ပြည်သူ့စကားဝိုင်း ဆွေးနွေးပွဲတွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးစိုးမင်းထက်က အဖွင့်အမှာစကား ပြောကြားပြီး တိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မာလာဝင်းက ပြည်သူ့စကားဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းဆွေးနွေးသည်။
ဆက်လက်၍ ပြည်သူ့စကားဝိုင်း ကျင်းပပြုလုပ်ရာ ဦးစိုးမင်းထက် (လက်ထောက် ညွှန်ကြားရေးမှူး၊ ခရိုင်ထွေ/အုပ်)၊ ဒေါက်တာစစ်တင် (G.P စာရေးဆရာ)၊ ဦးကျင်သောင်း (မြို့နယ်ပညာရေးမှူးငြိမ်း)၊ ဦးချမ်းမင်းအောင် (ထက်ပြထခွဲ၊ အ.လက၃) နှင့် ဒေါ်မာလာဝင်း (လက်ထောက်ညွှန်ကြားရေးမှူး၊ တိုင်းဒေသကြီးပြန်/ဆက်)တို့က လူငယ် နှင့် စာရိတ္တနှင့် ပတ်သက်သည့် အကြောင်းအရာများအား ဆွေးနွေးခဲ့သည်။ ထို့နောက် ပြည်သူ့စကားဝိုင်းသို့ တက်ရောက်လာသော ကျောင်းသား/ ကျောင်းသူများက သိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြောင်း သိရှိရသည်။
တိုးဝေဇင်


