ပုသိမ် ၆ နိုဝင်ဘာ
ဧရာဝတီတိုင်းဒေသကြီး ၊ ပုသိမ်မြို့ကျက်သရေဆောင် သမိုင်းဝင် ရွှေမုဌောမဟာစေတီတော် မြတ်ကြီးတွင် ဂေါပကအဖွဲ့မှ ဦးဆောင်ကျင်းပမည့် (၃၂)ကြိမ်မြောက် တန်ဆောင်တိုင် ဆီမီးပူဇော်ပွဲ ၊ မသိုးသင်္ကန်းကပ်လှူပူဇော်ပွဲ နှင့် ဆွမ်းတော်ကြီးကပ်လှူပူဇော်ပွဲကို ၁၃၈၁ခုနှစ်၊ တန်ဆောင်မုန်း လဆန်း (၁၄)ရက်နေ့ မှ လပြည့်ကျော် (၁) ရက်နေ့ အထိ စည်ကားသိုက်မြိုက် စွာကျင်းပ သွားမည် ဖြစ်ကြောင်းသိရသည်။
ဖွင့်ပွဲအခမ်းအနားကို (၁၀.၁၁.၂၀၁၉) တနင်္ဂနွေ နေ့ ညနေ(၅)နာရီခွဲအချိန်တွင် စေတီတော်ကြီး ၏ရင်ပြင်တော် ရာဟု ထောင့်၌လည်းကောင်း၊ မသိုးသင်္ကန်းကပ်လှူပွဲကို (၁၁.၁၁.၂၀၁၉) တနင်္လာနေ့ နံနက်(၄)နာရီခွဲအချိန်တွင် စေတီတော်ကြီးရင်ပြင်တော်ရှိ သတ်မှတ်ထားသော ဗုဒ္ဓရုပ်ပွားတော်များ တွင်လည်းကောင်း ၊ ရေစက်ချတရားတော် နာယူခြင်း အစီအစဉ်ကို (၁၁.၁၁.၂၀၁၉) တနင်္လာနေ့ နံနက် (၆)နာရီအချိန်တွင် ဦးမောင်ကြီး အာရုံခံတန်ဆောင်း၌ လည်းကောင်း စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း ရွှေမုဌော မဟာစေတီတော်မြတ်ကြီး ဂေါပက အဖွဲ့ထံမှ သိရှိရသည်။
နွေးနွေးအောင်(ခရိုင်ပြန်/ဆက်)


