ပုသိမ် ဖေဖော်ဝါရီ ၁၀

 

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ ကန်သာယာပြည်ထောင်စုကွင်းအတွင်း (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ဌာနဆိုင်ရာပေါင်းစုံ ပြခန်းများ ဖွင့်လှစ်ပြသခြင်း ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၁၀ ရက် နံနက် ၈ နာရီတွင် ကျင်းပသည်။

 

အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်နှင့် တိုင်း၊ ခရိုင်နှင့် မြို့နယ်များမှ ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပြီး အခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်နှင့် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာလှိုင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကူးခဲ့ကြသည်။ ဆက်လက်၍ ဌာနဆိုင်ရာအသီးသီးတို့မှ ပြခန်းများ ဖွင့်လှစ်ပြသထားရှိမှုများကို ကြည့်ရှုအားပေးခဲ့ကြသည်။

 

ကန်သာယာပြည်ထောင်စုကွင်းတွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် ပြခန်းပေါင်း (၅၃)ခန်း ဖွင့်လှစ်ပြသထားပြီး ဖေဖော်ဝါရီ ၁၀ ရက်မှ ၁၂ ရက်အထိ နေ့စဉ် နံနက် ၇ နာရီမှ ည ၇ နာရီအထိ ဖွင့်လှစ်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

 

ခရိုင်(ပြန်/ဆက်)