ပုသိမ် ၃၁  မေ

 

ဧရာဝတီ တိုင်းဒေသကြီး ပုသိမ်မြို့တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါကာကွယ်၊ထိန်းချုပ်ရေးအား အထောက်အကူပြုစေရန် ရည်ရွယ် ၍ ပုသိမ်မြို့လူထု အခြပြုဆရာဝန်များ ၊ ကျန်းမာရေးဝန်ထမ်းများ ၊ လူမှုရေး အဖွဲ့များ စုပေါင်း၍ လူထုအခြေပြု ဖျားနာဆေးကုခန်း ( Community Fever Clinic Pathein ) ကို ပုသိမ်မြို့အမှတ် ၃ ရပ်ကွက် သာသနာ့ဗိမာန်တော်ကြီးတွင် ဇွန်လ( ၁ )ရက်နေ့မှစတင်၍ ဖွင့်လှစ် ကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ပြည်သူများအနေဖြင့် မိမိတို့မိသားစုများအတွင်း အဖျားရှိခြင်း ၊ချောင်းဆိုးခြင်း ၊ လည်ချောင်းနာခြင်း ၊ အသက်ရှူကျပ်ခြင်း ၊ မောပန်းခြင်း ၊ ဝမ်းပျက်၊ဝမ်းလျှောခြင်း ၊ အားအင်ကုန်ခမ်း နွမ်းနယ်ခြင်း ၊ ချမ်း တုန်ခြင်း ၊ ကိုယ်လက်နာကျင်ခြင်းခေါင်းကိုက်ခြင်း ၊ ရုတ်တရက် အနံ့မရခြင်း ၊ တို့ဖြစ်ပေါ်လာပါက အဆိုပါလူထု အခြေပြုဆေးခန်းသို့သို့ဆက်သွယ်၍ အခမဲ့ကုသမှုခံယူနိုင်ကြောင်း သိရသည်။

 

၎င်းဆေးခန်းအား ပုသိမ်မြို့ အမှတ် ( ၃ ) ရပ်ကွက်ရှိ သာသနာ့ဗိမာန် တော်ကြီးတွင် နံနက် ၉ နာရီ မှ ၁၁ နာရီအထိ ဖွင့်လှစ်ကာအခမဲ့ ကြည့်ရှုကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

၎င်း Community Fever Clinic Centre လူထုအခြေပြုဖျားနာ ရောဂါကုဆေးခန်း အတွက် အလှူရှင် များ နှင့် Volunteer များလိုအပ်နေသဖြင့် ဆက်သွယ်လှူဒါန်းလိုပါက Centre Contact phone - 09 - 667732288 သို့ ဆက်သွယ်နိုင်ကြောင်းနှင့် Volunteer များ စာရင်းပေးသွင်းနိုင်ကြောင်းလည်း သိရသည်။

 

သတင်း/ဓာတ်ပုံမောင်မောင်မြင့်(ပြန်/ဆက်)