ပုသိမ် ၂၂ ဇူလိုင်
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် တိုင်းဒေကြီးအစိုးရအဖွဲ့ စီမံဘဏ္ဍာဝန်ကြီး ဦးဝင်းဌေး၊ မြန်မာ့စီးပွားရေးဘဏ် တိုင်းမန်နေဂျာ ဒေါ်ရီရီခိုင်တို့၏ ဦးဆောင်မှုဖြင့် ယနေ့နံနက်ပိုင်းက မြန်မာ့စီးပွားရေးဘဏ်တွင် လစာလာထုတ်သည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား နံနက်စာအာဟာရဖြင့် လှူဒါန်းကျွေးမွေးခဲ့ကြောင်း သိရသည်။
အဆိုပါအလှူရှင်မှာ NINE ELEPHANT GROUP မှ ဦးလှစိန်ထွန်း+ဒေါ်နွဲ့နွဲ့အေး ရွှေဆိုင်တန်းလမ်းမှဖြစ်ပြီး ကြက်သားဟင်း + အစိမ်းကြော် + ထမင်း + ရေသန့်ဘူးတို့ဖြင့် အာဟာရဒါနပြုလုပ်ခဲ့ပြီး မြန်မာ့စီးပွားရေးဘဏ် ခရိုင်မန်နေဂျာ ဦးမျိုးဇော်နှင့် ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များက ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အာဟာရဒါန လှူဒါန်းပွဲကို ဇူလိုင် ၂၂ ရက်နှင့် ၂၃ ရက်တို့တွင် ပြုလုပ်ပေးသွားမှာဖြစ်ပြီး ပုသိမ်မြို့တွင် ၁၀ လတိတိ ဆက်လက်လှူဒါန်းသွားမည်ဖြစ်ကြောင်းနှင့် ပင်စင်စား တစ်သောင်းခန့်ရှိကြောင်း သိရသည်။
မောင်မောင်မြင့်(ပြန်/ဆက်)


