ပုသိမ် နိုဝင်ဘာ ၂၂
ဧရာ၀တီတိုင်းဒေသကြီး ပုသိမ်မြို့နယ်ကို နိုဝင်ဘာ ၁၉ ရက်တွင် ကျန်းမာရေးဝန်ကြီးဌာနက Stay At Home အစီအစဉ်မှ ပယ်ဖျက်ပေးခဲ့ပြီး မြို့နယ်စည်ပင်သာယာရေးကော်မတီမှ စျေးများ ပုံမှန်အတိုင်း နံနက် ၆ နာရီမှ ညနေ ၅ နာရီအထိ ဖွင့်လှစ်ရောင်းချနိုင်ကြောင်း အသိပေးကြေညာခြင်းများ လိုက်လံနှိုးဆော်လျက်ရှိသည်။
ယခုအခါ မြို့မ၊ ရွှေပြည်သာ၊ အောင်ဧရာ၊ ကမ်းနား၊ မြို့သစ်၊ အောင်သီရိဈေးများ ပြန်လည်ဖွင့်လှစ်ရာ ဈေးရောင်းဈေး၀ယ်များဖြင့် ပြန်လည်စည်းကားလျက်ရှိပြီး နိုဝင်ဘာ ၂၀ ရက်တွင် စာရင်းရှိဆိုင်ခန်းပေါင်း ၂၄၃၀ ခန်းအနက် ၁၅၀၄ ခန်း ဖွင့်လှစ်ရောင်းချလျက်ရှိကြောင်း သိရှိရသည်။
၎င်းအပြင် ကမ်းနားလမ်း ရေပေါ်စျေးမှာလည်း ပြန်လည်ဖွင့်လှစ်ပေးသောကြောင့် ပြန်လည်စည်ကားလျက်ရှိသည်။
မောင်မောင်မြင့် (ပုသိမ်)


