ပုသိမ်   ၁၇  ဧပြီ

           

မြန်မာနှစ်သစ်မင်္ဂလာအခါသမယ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်း အေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့် လည်းကောင်း၊ နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၂၀၄၊ ပုဒ်မခွဲ (က) အရ အကျဉ်းထောင်/ စခန်းအသီးသီးရှိ အကျဉ်းသား/ အကျဉ်းသူများ အား စည်းကမ်း သတ်မှတ်ချက်မထားဘဲ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးလျက်ရှိရာ ယနေ့ နေ့လည်တွင် ပုသိမ် အကျဉ်းထောင်မှ အကျဉ်းသား(ကျား) ၃၂၆ ဦး၊ (မ) ၁၅ ဦး အား ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပေးခဲ့သည်။

 

479

 

အဆိုပါ ပုသိမ်အကျဉ်းထောင်ရှိ  ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပေးသည့် အကျဉ်းသား/သူများ အား ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာလှိုင်နှင့် တာဝန်ရှိသူများက မြန်မာနှစ်သစ်ကူး နှုတ်ခွန်းဆက်စကားပြောကြားကြပြီး တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြသည်။ ထို့နောက် ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပေးသည့် အကျဉ်းသား/သူ တစ်ဦးချင်းစီအား အနောက်တောင်တိုင်းစစ်ဌာနချုပ် စစ်မြေပြင်ဆေးတပ်ရင်း - ၄ မှ ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးဆေးစစ်ခြင်းများ ဆောင်ရွက်ခြင်း၊ တစ်ဦးချင်းစီသို့ ကျန်းမာရေးထောက်ခံချက်များ ပေးအပ်ခဲ့သည်။

 

485

 

ယနေ့ ဧရာဝတီတိုင်းဒေသကြီးအတွင်း အကျဉ်းထောင် (၅) ခု၊ အလုပ်စခန်း(၃)ခုမှ အကျဉ်းသား/သူ စုစုပေါင်း (၁၃၂၀) အား ပြစ်ဒဏ်မှလွတ်ငြိမ်းခွင့်ပေးခဲ့ကြောင်းနှင့် ၄င်းတို့၏ သက်ဆိုင်ရာ နေရပ် ဒေသ အသီးသီးသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် လူမှုရေးအသင်းအဖွဲ့များက တာဝန်ယူ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

ကိုတွတ် (တိုင်းပြန်/ဆက်)

 

7830