ပုသိမ်၊ ၁၄ ဇွန်

 

ပုသိမ်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အများပြည်သူများ အသိပညာဗဟုသုတများ ပိုမိုတိုးပွားစေရန် ရည်ရွယ်၍ နံရံကပ်စာစောင်များနှင့် နေ့စဉ်ထုတ် သတင်းစာများကို ရုံးရှေ့ရှိ မြေစိုက်နံရံကပ်ပြဘုတ်တွင် နေ့စဉ်ပြသပေးလျက်ရှိသည်။

 

အဆိုပါ နံရံကပ်စာစောင်များတွင် သဘာဝဘေးနှင့် ပတ်သက်၍ ရေကြီးခြင်း၊ မြေပြိုခြင်း၊ မီးလောင်ခြင်း၊ မုန်တိုင်းဘေးနှင့် ငလျင်ဘေးအန္တရာယ်တို့နှင့် ကြုံတွေ့လာပါက ဆောင်ရန်၊ ရှောင်ရန် အရေးကြီးသည့်အချက်များ၊ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် လိုက်နာရမည့်အချက်များနှင့် ရောဂါလက္ခဏာရပ်များကိုလည်း ပြည်သူများ ဗဟုသုတရရှိစေရေးအတွက် မြေစိုက်ဘုတ်တွင် ပြသဆောင်ရွက်ပေးထားသည်။ ၎င်းအပြင် ပြည်သူများ သတင်းအမှားများနှင့် သတင်းအမှန်များ ခွဲခြားသိရှိစေရန်နှင့် နေ့စဉ်သတင်း အချက်အလက်များကို သိရှိစေရန် ရည်ရွယ်၍ နေ့စဉ်ထုတ် မြန်မာ့အလင်းသတင်းစာနှင့် ကြေးမုံသတင်းစာများအား ပြသဆောင်ရွက်ထားရာ ပြည်သူများ နေ့စဉ်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။

 

မောင်မောင်မြင့် (ပြန်/ဆက်)