ပုသိမ် ဇွန် ၁၆
၂၀၂၆-၂၀၂၇ ပညာသင်နှစ် လက်မှတ်ရ စီးပွားရေးစာရင်းကိုင် ပညာသင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာ သင်တန်းကျောင်း(ပုသိမ်)၌ ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအေးကျော်၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ သင်တန်းသား သင်တန်းသူများ တက်ရောက် ကြသည်။
ဂုဏ်ပြုဆုပေးအပ်
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး ဘာသာစုံဂုဏ်ထူး ရရှိသူများအား ဂုဏ်ပြုဆုများနှင့် သင်တန်းသား သင်တန်းသူများအတွက် ပြဋ္ဌာန်းစာအုပ်များ၊ ဖျာ၊ ခြင်ထောင်၊ စားသောက်စရိတ်များ ပေးအပ်သည်။
ယင်းနောက် ပုသိမ်ခရိုင် ကန်ကြီးထောင့် မြို့နယ် အခြေခံပညာနှင့်စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း၌ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုကို ကြည့်ရှုအားပေးပြီး ကျောင်းသား ကျောင်းသူများအတွက် ဗလာစာအုပ်များနှင့် ကြက်ဥများ ပေးအပ်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


