ပုသိမ် ဧပြီ ၆
ဧရာဝတီတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနက ပုသိမ်မြို့ အမှတ်(၄)ရပ်ကွက် မဟာဗန္ဓုလလမ်းရှိ တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ယနေ့နံနက်ပိုင်းက မီးဘေးလုံခြုံရေး စစ်ဆေးခြင်း၊ မီးငြှိမ်းသတ်ရေး သရုပ်ပြသခြင်းနှင့် မီးသတ်ပညာ ပေးစာစောင် ဝေငှခြင်းများ ဆောင်ရွက်ခဲ့သည်။
ထိုသို့ လက်တွေ့မီးငြှိမ်းသတ်မှု သရုပ်ပြသခြင်းကို ဧရာဝတီတိုင်းဒေသကြီး အုပ်ချုပ်ရေးမှူး ဦးလှိုင်စိုးသန့်နှင့် ညွှန်ကြားရေးမှူးများက ကြည့်ရှုအားပေးခဲ့ရာ တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးအောင်ဆွေဝင်း၊ ပုသိမ်ခရိုင် မီးသတ်ဦးစီးမှူး လက်ထောက် ညွှန်ကြားရေးမှူး ဦးကျော်သူတို့ ဦးဆောင်၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၁၀ ဦးတို့က မီးဘေးလုံခြုံရေး စစ်ဆေးခြင်း၊ လက်တွေ့မီးငြှိမ်းသတ်ရေး သရုပ်ပြသခြင်းများဆောင်ရွက်ခဲ့ရာ အရာထမ်း၊ အမှုထမ်း စုစုပေါင်းအင်အား ၂၈၅ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ဟိန်းကိုအောင်


