mdn

ပုသိမ်   အောက်တိုဘာ   ၄

ဧရာ၀တီတိုင်းဒေသကြီးအတွင်း တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ပြည်သူများအေးချမ်းသာယာစွာ နေထိုင်နိုင်ရေး၊ မလိုလားအပ်သော ပြဿနာများ မဖြစ်ပွားစေရေး စသည့် ရည်ရွယ်ချက်များဖြင့် ပုသိမ်မြို့နယ် ငဝန်မြစ်ကြောင်းတစ်လျှောက် တပ်မတော်၊ မြို့နယ်ရဲတပ်ဖွဲ့ ၊ ရေကြောင်းရဲတပ်ဖွဲ့၊ မိုင်းရှင်းလင်းရေးအဖွဲ့များဖြင့် နေ့/ညမပြတ် ပိုက်စိပ်တိုက် ရှာဖွေစစ်ဆေးမှုများ အချိန်ပြည့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် အောက်တိုဘာ ၃ ရက်က င၀န်မြစ်အတွင်း သွာလာနေကြသော ခရီးသည်တင် စက်လှေများ၊ ကုန်တင်ရေယာဉ်များအပြင် ပုသိမ်မြို့နယ်အတွင်း ဆိုက်ကပ်ထားသော ကျောက်ငူကူတို့ဆိပ်၊ ဝဲဒေါင့်ကူတို့ဆိပ်နှင့် အမှတ် ၁ ဘောတံတားဆိပ်ကမ်းတို့ကို ရှာဖွေစစ်ဆေးခဲ့ကြောင်း သိရသည်။

မောင်မောင်မြင့်(ပုသိမ်)

 

mdn