ပုသိမ်၊ ၁၄ ဒီဇင်ဘာ
ဧရာဝတီတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန၏ လမ်းညွှန်ချက်ဖြင့် ပုသိမ်မြို့နယ်ငါးလုပ်ငန်း ဦးစီးဌာနမှ ဝန်ထမ်းများသည် ပုသိမ်မြို့နယ် ထိန်တန်းချောင်း၊ ဖရဲချောင်းများနှင့် လက်ပန်ကျေးရွာ၊ ရွှေတွင်းတူးကျေးရွာ၊ ဇရပ်ဆိပ်ကျေးရွာ၊ မြင်းကကွင်းကျေးရွာ၊ ရွှေလေးချောင်ကျေးရွာ၊ ပိန်ညှင်းကွင်းကျေးရွာများသို့ ဒီဇင်ဘာ ၁၀ ရက်နေ့မှ ၁၃ ရက်နေ့အထိ ကွင်းဆင်းသွားရောက်ခဲ့သည်၊၊
ထိုသို့ ကွင်ဆင်းဆောင်ရွက်ရာတွင် ရေလုပ်သားများ၊ တာဝန်ခံအပါအဝင်၊ အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံ၍ ငါးဖမ်း ကိရိယာလိုင်စင်များရယူ၍ စည်းကမ်းနှင့်အညီ လုပ်ကိုင်ဆောင်ရွက်ရန်၊ ဌာနမှသတ်မှတ်ထားသော ငါးဖမ်းပိုက်ကွက်များဖြင့် စနစ်တကျလုပ်ကိုင်ရန်နှင့် တရားမဝင် ငါးဖမ်းဆီးခြင်းများဖြစ်သော ဘတ္ထရီရှော့တိုက်ခြင်း၊ ဆေးအဆိပ်ချငါးဖမ်းခြင်းများ မရှိစေရေးအတွက် အသိပညာပေး ပိုစတာများပေးဝေခြင်းများ ပြုလုပ်ခဲ့ပြီး ရေလုပ်သားများအနေဖြင့် COVID-19 ကပ်ရောဂါမှ ကာကွယ်ရေး၊ ကျန်းမာရေးနှင့်ညီညွတ်စေရန် mask များ အခမဲ့ ပေးဝေခဲ့ကြောင်း သိရသည်။
MDN


