ပုသိမ် ဇူလိုင် ၇
Galaxy Red Star ကုမ္ပဏီလီမိတက်က ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်အတွင်း Solar Power Plant နှင့် Wind Turbine Power Plant နှစ်မျိုး အသုံးပြု၍ မဂ္ဂါဝပ် ၁၀၀ ထုတ်လုပ်ရရှိရေးအတွက် ဆောင်ရွက်ထားရှိမှုအစီအစဉ်များ ရှင်းလင်းတင်ပြခြင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၁)၌ ကျင်းပသည်။
ညှိနှိုင်းဆောင်ရွက်
အစည်းအဝေးတွင် ကုမ္ပဏီမှတာဝန်ရှိသူများက Solar Power ၊ Wind Turbine Power အသုံးပြု၍ (Zero Carbon)အဖြစ် လျှပ်စစ်ထုတ်လုပ်နိုင်မှု၊ ဓာတ်အားပေးစက်ရုံ စမ်းသပ်စစ်ဆေးရေး ဝန်ဆောင်မှုများ၊ Solar Power Plant နှင့် Wind Turbine Power Plant နှစ်မျိုးအသုံးပြု၍ မဂ္ဂါဝပ် ၁၀၀ ထုတ်လုပ် ရရှိရေးအတွက် ဆောင်ရွက်သွားမည့် စီမံကိန်းလုပ်ငန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအေးကျော်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ အားကစားနှင့် ကာယပညာ သိပ္ပံ(ပုသိမ်)တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက် မည့်ကုမ္ပဏီများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


