ပုသိမ် ၂၇ မတ်
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေ ပြည်သူ များ၏ လယ်ယာ ထုတ်ကုန်၊ ထွက်ကုန်များ ဈေးနှုန်းသက်သာစွာဖြင့် ဈေးကွက်သို့လွယ်ကူလျင်မြန်စွာ ပို့ဆောင်နိုင် စေရန်နှင့် လယ်ယာသုံးစက်ပစ္စည်းများ လွယ်ကူလျင်မြန်စွာ သွားလာနိုင်စေရန်ရည်ရွယ်၍ ဖောက်လုပ်လျက်ရှိသော ရွံ့အင်းကျေးရွာ၊ စမ်းကြီးကုန်းကျေးရွာနှင့် မြို့ချောင်းကျေးရွာများတွင် ကျေးလက်ကုန်ထုတ်လမ်း၊ တံတားဖောက်လုပ်ဆောင်ရွက်နေမှု အခြေအနေများ ကို ယနေ့ နံနက်ပိုင်းက တာဝန်ရှိသူများက ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာ ပုသိမ်ခရိုင်ကျေးလက်ဒေဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး၊ ပုသိမ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ သက်ဆိုင်ရာ ကျေးရွာမှ လမ်းဖြစ်မြောက်ရေး ကော်မတီဝင်များက ရွံ့အင်းကျေးရွာ၊ စမ်းကြီးကျေးရွာနှင့် မြို့ချောင်းကျေးရွာများတွင် ကျေးလက်ကုန်ထုတ်လမ်း၊ တံတားများ ဖောက်လုပ်ဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှု စစ်ဆေးကာ သတ်မှတ်စံချိန်စံညွှန်းပြည့်မှီစွာဖြင့် အချိန်မီပြီးစီးရေး မှာကြားခဲ့သည်။
အဆိုပါ ကျေးလက်ကုန်ထုတ်လမ်းများကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေ ၆၂ ဒသမ ၃၃ သန်းဖြင့် ရွံ့အင်းကျေးရွာတွင် ဂဝံမြေခင်းခြင်း လမ်းအရှည် ၁ မိုင်၊ အကျယ် (၁၂)ပေ၊ အမြင့် ၉ လက်မထု ခင်းခြင်း၊ အဆိုပါလမ်းပေါ်ရှိ ကုန်ထုတ်တံတား(၁)စင်းနှင့် Box Culvert (၃)စင်း တည်ဆောက် ခြင်းလုပ်ငန်းကို တင်ဒါအောင်မြင်သည့် Royal Pathein ကုမ္ပဏီက လည်းကောင်း၊ စမ်းကြီးကုန်းကျေးရွာတွင် ခွင့်ပြုရန်ပုံငွေ (၃၆.၅၈)သန်းဖြင့် ဂဝံမြေခင်းခြင်း လမ်းအရှည် ၆ ဒသမ ဝ၆ ဖာလုံ၊ အကျယ် (၁၂)ပေ၊ အမြင့် ၉ လက်မထု ခင်းခြင်း၊ အဆိုပါလမ်းပေါ်ရှိ ကုန်ထုတ်တံတား(၁)စင်းတည်ဆောက်ခြင်းလုပ်ငန်းနှင့် မြို့ချောင်းကျေးရွာတွင် ခွင့်ပြုရန်ပုံငွေ ၁၅ ဒသမ ၉၂ သန်းဖြင့် လမ်းအရှည် ၂၀ဝ၀ ပေ၊ အကျယ် ၁၂ ပေ၊ အမြင့် မြေသား၂ ပေ၊ ဂဝံမြေ ၉ လက်မထုခင်းခြင်းလုပ်ငန်းကို တင်ဒါအောင်မြင့်သည့် အောင်မိုးသန်း ကုမ္ပဏီက တာဝန်ယူ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
စိုးမိုးကျော်


