ပုသိမ် ၂၀ ဇူလိုင်

 

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်ရှိ ကိုယ်ပိုင်အထက်တန်းကျောင်းများနှင့် အစိုးရအထက်တန်းကျောင်းများတွင် ယမန်နေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါက်တာကြူကြူသင်း၊ ကျန်းမာရေး ဝန်ထမ်းများနှင့် တာဝန်ရှိသူများက စစ်ဆေးခဲ့ကြောင်း သိရသည်။

 

ထိုသို့စစ်ဆေးရာတွင် အခြေခံပညာကျောင်းများ၌ စာသင်ခန်းအတွင်း ကျောင်းသားများ ခြောက်ပေခွာထားရှိရေး၊ ကျောင်းအဝင်ဝတွင် အပူတိုင်းနိုင်ရေးအတွက် ကိုယ်ပူချိန်တိုင်းကိရိယာများ ထားရှိရေး၊ ကိုယ်ပူလာသည့် ကျောင်းသား ကျောင်းသူများထားရှိမည့် အရန်ခန်းများထားရှိရေး၊ Mask များနှင့် Face shield များ လုံလောက်စွာ ထားရှိတပ်ဆင်ရေး၊ ဆေးဖျန်းကိရိယာများထားရှိရေး၊ လက်အိတ်များဝတ်ဆင်ထားရှိရေး၊ လက်ဆေးဘေစင်များ၊ ဆပ်ပြာများထားရှိရေး၊ ခြေနင်းအမှိုက်ပုံးများထားရှိရေး စသည့် သတ်မှတ်ချက်များကို စစ်ဆေးခဲ့ကြောင်း သိရသည်။


ပုသိမ်မြို့နယ်အတွင်း အစိုးရအခြေခံပညာ အထက်တန်းကျောင်းနှင့် အ.ထ.က(ခွဲ)ကျောင်းပေါင်း (၃၅)ကျောင်းရှိပြီး ကိုယ်ပိုင်ကျောင်း (၄)ကျောင်းရှိကာ အဆိုပါကျောင်းများကို မြို့နယ်ပြည်သူ့ကျန်းမာရေးအဖွဲ့မှ အဖွဲ့(၅)ဖွဲ့ခွဲ၍ စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ကိုဗစ်-၁၉ ရောဂါကြောင့် မြန်မာနိုင်ငံအတွင်းရှိ အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များအား ပိတ်ထားခဲ့ရာမှ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ဌာနဆိုင်ရာ တာဝန်ရှိသူများပူးပေါင်း၍ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်နိုင်ရေး စစ်ဆေးလျက်ရှိကြောင်း သိရသည်။

 

မြင့်ဟန်(ပြန်/ဆက်)

 

20200718_122508

 

20200718_122409

 

20200718_11450220200718_113549

 

20200718_105319