ပုသိမ် ဧပြီ ၅

 

ပြည်သူများ စက်သုံးဆီဝယ်ယူရာတွင် ပိုမိုအဆင်ပြေချောမွေ့စေရန် စက်စွမ်းအားအလိုက် ဝယ်ယူခွင့်ပမာဏကို သတ်မှတ်ပြီး ပိုမိုပြည့်စုံစေသည့်စနစ်ဖြင့် Bar Code/ QR Code အသုံးပြု၍ ယမန်နေ့နံနက်ပိုင်းမှစ၍ ပုသိမ်မြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင် ၄၃ ဆိုင်တွင် စက်သုံးဆီများ ရောင်းချပေးလျက်ရှိသည်။

 

ထိုကဲ့သို့ Bar Code/ QR Code စနစ်များဖြင့် ပုသိမ်မြို့ပေါ်ရှိ  စက်သုံး ဆီဆိုင်များတွင် ရောင်းချပေးနေမှုများကို ဧရာဝတီတိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူး၊ ပုသိမ်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌတို့က ပုသိမ်မြို့ပေါ်ရှိ Max Energy ၊ Winner Petro ဆီဆိုင်များသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး စက်သုံးဆီအရောင်းဆိုင်များတွင် Application အသုံးပြု၍ ရောင်းချရာတွင် စက်သုံးဆီအရောင်းဆိုင်နှင့် ဝယ်ယူသုံးစွဲသူများအကြား တွေ့ကြုံရသည့် အခက်အခဲများကို ဖြေရှင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)