ပုသိမ် ၃ ဇွန်
ဧရာဝတီ တိုင်းဒေသကြီး ပုသိမ်မြို့တွင် ဒုတိယမြိုနယ်အုပ်ချုပ်ရေးမှူး ဦးယောမင်းထွန်းဦးဆောင်၍ ဌာနဆိုင်ရာများ ပါဝင်သောအဖွဲ့သည် ဇွန် ၂ ရက်နေ့ ညပိုင်းကပုသိမ်မြို့ပေါ်ရှိ ဟိုတယ်၊တည်ခိုခန်း၊ မိုတယ်၊Inn တည်ခိုခန်းများကို လိုက်လံစစ်ဆေးခဲ့သည်။
အဆိုပါ အဖွဲ့သည် ဧရာဝတီတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ကူးစက်ရောဂါပြန်ပွားမှု မရှိစေရန် အတွက် ဟိုတယ် ၊တည်ခိုခန်း၊ မိုတယ်များကို ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စွာ တည်းခိုနေနိုင်ရေး ရှေးရှု၍ ပြန်လည်ဖွင့်လှစ်နိုင်ရေး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွန်ချက်နှင့်အညီ ဆောင်ရွက်ထားရှိမှု ရှိ/မရှိကြည့် ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီးအတွင်းရှိ ချောင်းသာ၊ငွေဆာင်၊ ရွှေသောင်ယံ၊ ဂေါ်ရန်ဂျီကမ်းခြေ အပါအဝင် အခြား ကမ်းခြေဒေသများ၊ ဘာသာရေးဆိုင်ရာပွဲတော်များ ကျင်းပခြင်း၊ လူစည်ကားသော နေရာများဖြစ်သည့် စေတီပုထိုး၊ ဘုရားကျောင်းကန်များနှင့် သာသနိက အဆောက်အဦးများ၊ ဟိုတယ်၊ တည်ခိုခန်းများ၊ ခန်းမများတွင် ဘာသာရေး၊ လူမှုရေး၊ စီးပွားရေးဆိုင်ရာ အခန်းအနားများ၊ ကျင်းပခြင်းနှင့်အတူ အလှူမင်္ဂလာပွဲများ၊ အခြားလူစုလူဝေးဖြင့် ဆောင်ရွက်သော ကိစ္စရပ်များကို တိုင်းဒေသကြီး အစိုးရအဖွဲ့က မတ်လ ၂၄ ရက်မှ စတင်ကာ ယာယီရပ်ဆိုင်းထားရန် အမိန့်ထုတ်ပြန်ထားကြောင်း သိရသည်။
သတင်း-ဓာတ်ပုံမောင်မောင်မြင့်(ပြန်/ဆက်)


