ပုသိမ် ၁၀ ဇွန်
ဧရာဝတီတိုင်းဒေသကြီး မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ တည်ဆောက်သည့် ပုသိမ်မြို့ပေါ်ရှိ ပြည်တော်သာအိမ်ရာနှင့် ဥမ္မာဒန္တီအိမ်ရာတိုက်ခန်းများကို မည်သူမဆို လွတ်လပ်စွာဝယ်ယူနိုင်ကြောင်း သိရသည်။
ရောင်းချမည့် တိုက်ခန်းများမှာ ၄ ခန်းတွဲ၊ ၆ ထပ်၊ အခန်းအကျယ် စတုရန်းပေ ၆၅၀ ရှိ တန်ဖိုးသင့် အဆောက်အဦ ဖြစ်ပြီး အခန်းပေါင်း ၄၈ ခန်းရှိကာ တန်ဖိုးများမှ မြေညီထပ် ကျပ်သိန်း ၃၄ဝ၊ ပထမထပ် ကျပ်သိန်း ၂၉၀၊ ဒုတိယထပ် ကျပ်သိန်း ၂၄၀၊ တတိယထပ် ကျပ်သိန်း၁၉၀၊ စတုတ္ထထပ်ကျပ်သိန်း ၁၇၀၊ ပဉ္စမထပ် ကျပ်သိန်း ၁၅၀ ဖြင့်လည်းကောင်း၊ ၈ ခန်းတွဲ ၆ ထပ်၊ အခန်းအကျယ်စတုရန်းပေ ၃၂၄ ရှိ တန်ဖိုးသင့်အဆောက်အဦဖြစ်ပြီး အခန်းပေါင်း ၃၃၆ ခန်းရှိကာ တန်ဖိုးမှာ မြေညီထပ်ကျပ်သိန်း ၁၂၀၊ ပထမထပ် ကျပ် ၁၁၂သိန်း၊ ဒုတိယထပ် ကျပ် ၁၀၆ သိန်း၊ တတိယထပ် ကျပ် ၉၈ သိန်း၊ စတုတ္ထထပ် ကျပ်သိန်း ၉၀၊ ပဉ္စမထပ် ကျပ် ၈၂ သိန်းဖြင့်လည်းကောင်း၊ ၆ ခန်းတွဲ ၅ ထပ်အခန်းအကျယ် စတုရန်းပေ ၄၆၈ ပေရှိ တန်ဖိုးသင့် အဆောက်အဦဖြစ်ပြီး အခန်းပေါင်း ၂၁၀ ရှိကာ တန်ဖိုးမှာ မြေညီထပ် ကျပ် ၁၂၅သိန်း၊ ပထမ ထပ် ကျပ် ၁၁၅ သိန်း၊ ဒုတိယထပ် ကျပ် ၁၀၈ သိန်း၊ တတိယထပ် ကျပ်သိန်း ၁၀၀၊ စတုတ္ထထပ် ကျပ် ၉၆ သိန်းဖြင့်လည်းကောင်း၊ ၂ ခန်းတွဲ ၄ထပ်၊ အခန်းအကျယ်စတုရန်းပေ ၉၅၄ ဒသမ ၅ /၁၄၃၂ ရှိ တန်ဖိုးသင့်အဆောက်အဦဖြစ်ပြီး အခန်းပေါင်း ၄၀ ရှိကာ တန်ဖိုးမှာ မြေညီထပ် ကျပ်သိန်း ၅၈၀၊ ပထမထပ် ကျပ် ၃၈၂ သိန်း၊ ဒုတိယထပ် ကျပ်သိန်း ၃၃၀၊ တတိယထပ် ကျပ် သိန်း၂၈၀ ဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါတိုက်ခန်းဝယ်ယူသူများအနေဖြင့် လက်ငင်းငွေချေစနစ်နှင့် CHID Bank ချေးငွေဖြင့် လက်ငင်း ၃၀ ရာခိုင်နှုန်း (သို့) ၅၀ ရာခိုင်နှုန်း ပေးသွင်းခြင်း စနစ်များဖြင့် ဝယ်ယူနိုင်ပြီး ၄ နှစ်မှ ၁၅ နှစ်အထိ အရစ်ကျ ဝယ်ယူနိုင်မည့် စနစ်ဖြင့်လည်း ရောင်းချပေးမည်ဖြစ်ကြောင်းသိရသည်။
၎င်းအိမ်ရာဝန်းအတွင်း၌ အများပြည်သူနားနေဆောင်နှင့် ဖူဆယ်ဘောလုံးကွင်းတို့ပါရှိပြီး အသေးစိတ်သိလိုပါက မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးရုံး ပုသိမ်မြို့ ဖုန်း ၀၄၂-၂၃၇၇၄ သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။
မောင်မောင်မြင့်(ပြန်/ဆက်)


