ပုသိမ် ၃၀ အောက်တိုဘာ
ဧရာဝတီတိုင်းဒေသကြီး ၊ ပုသိမ်မြို့တွင် အများပြည်သူ စိတ်အပန်းဖြေစေနိုင်ရန်နှင့် အသိပညာ ဗဟုသုတများရရှိစေရန် ရည်ရွယ်၍ မင်္ဂလာရွှေပြည်သာအမည်ဖြင့် အဆင့်မြင့် ရုပ်ရှင်ရုံ(၂)ရုံကို မင်းကြီးလမ်းနှင့် ဘူတာရုံလမ်းထောင့်ရှိ ကုန်တိုက်ကြီး၏ (၅)လွှာနှင့်(၆)လွှာတွင် ဖွင့်လှစ်ပြသနိုင်ရေး သက်ဆိုင်ရာဌာနများ၏ ခွင့်ပြုချက်ရယူ ဆောင်ရွက်ပြီး ဖြစ်ကြောင်း သိရသည်။
အဆိုပါ ရုပ်ရှင်ရုံတွင် အဆင့်မြင့် ပြစက်များ၊ အသံစနစ်၊ လေအေးပေးစနစ်၊ လုံခြုံရေးစနစ်၊ ကြည့်ရှုသူ ပရိသတ်များအတွက် ရုံ(၁)တွင် ခုံပေါင်း (၁၀၇)လုံး နှင့် ရုံ(၂)တွင် (၁၄၇)လုံး ၊မုန့်ဆိုင်တန်းများ၊ မီးဘေးလုံခြုံရေးအတွက် မီးသတ်ဆေးဘူးများ၊ သန့်စင်ခန်းများကို သတ်မှတ်စံချိန် စံညွှန်းများနှင့်အညီ စနစ်တကျ ဆောင်ရွက်ထားပြီး ယခုလ (၃၁) ရက်နေ့တွင် စတင် ဖွင့်လှစ်ပြသပေးသွားမည်ဖြစ်ကြောင်း မန်နေဂျာ ဦးကျော်ဇင်လတ်ထံမှ သိရှိရသည်။
တိုးဝေဇင်(တိုင်းပြန်/ဆက်)


