ပုသိမ် ၁၈ မေ
ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း နှစ်စဉ်ဆောင်ရွက်လျက်ရှိသည့် ပုံမှန် ကာကွယ်ဆေးထိုး ဆေးတိုက်ခြင်း လုပ်ငန်းများကို ပုသိမ်မြို့ ကုတင် ၅၀၀ ဆံ့ ပြည်သူ့ဆေးရုံဝန်းအတွင်း၌ ယနေ့နံနက် ၉ နာရီတွင် စတင်ဆောင်ရွက်ပေးလျက်ရှိသည်။
ကာကွယ်ဆေးထိုးရန်အတွက် တစ်ရက်လျှင်အနည်းဆုံး ကလေး ၅၀ သာ ထိုးနှံပေးမည်ဖြစ်ပြီး ဆေးထိုးနှံမည့် မိဘများအနေဖြင့် ဆက်သွယ်ဆောင်ရွက်ရမည့် ဖုန်းနံပါတ်များကို ဖေ့စ်ဘုတ်စာမျက်နှာတွင် ရေးသားပေးထားပြီး ကြိုတင်ဖုန်းဆက် စာရင်းပေးသွင်းထားရန် လိုအပ်ကြောင်း ပုသိမ်မြို့ အထွေထွေရောဂါကု ဆေးရုံအုပ်ကြီး ဒေါက်တာသန်းမင်းထွဋ်(ပင်းတယမီးအိမ်ရှင်)က ပြောသည်။
မြင့်ဟန်


