ပုသိမ် ၁၁ ဧပြီ
COVID-19 ကာကွယ်ထိန်းချုပ်ရေးနှင့် စပ်လျဥ်း၍ နိုင်ငံတော်မှ သတ်မှတ်ထားသော အရေးကြီးကာလဖြစ်သည့် မဟာသင်္ကြန် ရက်ရှည်ရုံးပိတ်ရက် ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် အိမ်ထောင်စု တစ်စုလျှင်ဆန် (၈)ပြည်၊ ဆီ ၅၀ ကျပ်သား၊ ဆား ၅၀ သား၊ ပဲတစ်ပိဿာ၊ ကြက်သွန်နီတစ်ပိဿာ စသည့် ပစ္စည်းငါးမျိုးကို အခမဲ့ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့မွန်းလွဲပိုင်းတွင် ပုသိမ်မြို့နယ်အဆင့် COVID-19 ကာကွယ်ထိန်းချုပ်ရေး ကော်မတီအဖွဲ့ဝင်များက ပုသိမ်မြို့နယ်အတွင်းရှိ အမှတ် (၂/၃/၄/၁၁/၁၃) ရပ်ကွက်များမှ လက်လုပ်လက်စား အခြေခံလူတန်းစားများထံ အိမ်တိုင်ရာရောက် ပေးအပ်ခဲ့ကြကြောင်း သိရသည်။
မြင့်ဟန် (ပုသိမ်ခရိုင် ပြန်/ဆက်)


