ပုသိမ် ၂၇  အောက်တိုဘာ

 

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ယမန်နေ့ည(၇)နာရီခွဲ အချိန်ခန့် က ရုတ်တရက်မိုးရွာ၊ လေပြင်းတိုက်ခတ်မှုများ ဖြစ်ပေါ်ခဲ့သည်။

 

ယင်းသို့ မိုးရွာလေပြင်းတိုက်ခတ်ရာတွင် ကမ်းနားလမ်း၊ ရေတပ်အနီးရှိ (1100KV)ဓါတ်အားလိုင်းကြိုးပေါ်သို့ သစ်ပင်လဲကျသဖြင့် ခေတ္တလမ်းပိတ်ဆို့မှုများ ဖြစ်ပေါ်ခဲ့ကာ ကမ်းနားလမ်းတစ်လျှောက်နှင့် ရပ်ကွက်များတွင် လျှပ်စစ်မီးများ ပြတ်တောက်ခဲ့ကြောင်း၊လူနေအိမ်တစ်လုံးပေါ်သို့ ပိတောက်ပင်ကြီး လဲကျမှုဖြစ်သော်လည်း အိမ်သားများ ဘေးအန္တရာယ်ကင်းရှင်းကြောင်း နှင့် လူနေအိမ်အချို့မှာ အမိုးသွပ်လန်ခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။

 

တိုးဝေဇင်(တိုင်းပြန်ဆက်)