ပုသိမ် ၁၀ ဇွန်
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ အထက (၁) ရတနာတန်ဆောင် ခန်းမတွင် မြန်မာနိုင်ငံစာစစ်ဌာနနှင့် ဧရာဝတီတိုင်းဒေသကြီး ပညာရေးမှူးရုံးတို့က ပူးပေါင်းပြီး ဇွန်လ ၁၀ နံနက် ၉ နာရီမှ စတင်ပြီး တက္ကသိုလ်ဝင်တန်းအောင် /ရှုံး အမှတ်များ ထုတ်ပေးလျှက်ရှိသည်။

ပုသိမ်ခရိုင် အတွင်းရှိ စာစစ်ဌာများက တက္ကသိုလ်ဝင်စာမေးပွဲမှ အောင် / ရှုံး အမှတ်စာရင်းများကို ဇွန်လ ၁၀ မှ ၁၁ ရက်နေ့ အထိ နံနက် ၉ နာရီမှ ညနေ ၅ နာရီ အထိ နေ့ချင်းပြီး တစ်ဦးချင်းစီ မှ အုပ်စုလိုက် အထိ ထုတ်ပေးကြောင်း၊ ၂၀၁၉ ခုနှစ် အမှတ်စာရင်းများကို ဇွန်လ ၁၀ မှ ၁၁ ရက်နေ့တွင် အထက( ၁) ပုသိမ်နှင့် ဟင်္သာတမြို့ အထက (၃) တွင် လည်းကောင်း၊ ၁၂ ရက်နေ့တွင် ဝါးခယ်မ ပညာရေးမှူးရုံးနှင့် အထက (၆) မြောင်းမြတွင်လည်းကောင်း၊ ၁၃ ရက်နေ့တွင် အထက (မအူပင်)တို့မှာ အမှတ်စာရင်း ထုတ်ပေးသွားမည်ဖြစ်ကြောင်း တိုင်းပညာရေးမှူးရုံးမှ သိရသည်။
မင်းဇော်ဦး (ရေကြည်)