ပုသိမ် ၁၁ မေ 

 

ဧရာဝတီတိုင်းဒေသကြီး ၊ ပုသိမ်မြို့ ကုတင် ၅၀၀ အထွေထွေရောဂါကု ဆေးရုံကြီးသို့ မေ ၁၀ ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့နေ ဒေါ်ဝေမာပုလဲ (Royal  Pearl  Medical  Products and  Services) နှင့် မိတ်ဆွေများက ကျပ် သိန်း ၁၃၀ တန်ဖိုးရှိ Portable  Mechanican Ventilator တစ်လုံးကို လှူဒါန်းရာ ဆေးရုံအုပ်ကြီး ဒေါက်တာသန်းမင်းထွဋ် က လက်ခံရယူခဲ့ကြောင်း သိရသည်။ 

 

အဆိုပါ လှူဒါန်းမှုနှင့်ပတ်သက်၍ ဒေါက်တာသန်းမင်းထွဋ်က “ မူလက အသက်ရှုစက် ၂ လုံး ရှိပြီး ဖြစ်ကြောင်း၊ ၄င်းအပြင် ပုသိမ်မြို့နယ် ပုဂ္ဂလိကမော်တော်ယာဉ် လိုင်းပေါင်းစုံ စည်းကမ်းထိန်းသိမ်းရေးနှင့် ကြီးကြပ်ရေး ကော်မတီက သိန်း ၂၆၀ တန် ICU Ventilator  တစ်လုံး ၊ ပုသိမ်မြို့ စေတနာရှင်များက ဒေါ်လာ ၁၃၀၀၀ တန် Portable  Ventilator တစ်လုံး လှူဒါန်းခဲ့သည့်အတွက် ယခုပုသိမ်ဆေးရုံကြီးတွင် အသက်ရှုစက် ၅ လုံးရှိကြောင်း၊ အဆိုပါ အသက်ရှုစက်များဟာ ကိုဗစ်-၁၉ လူနာအတွက်သာ မဟုတ်ဘဲ သာမန်အချိန်တွေမှာ ICU အခန်းထဲရှိ တစ်ကယ့်အရေးပေါ် လူနာတွေကိုလည်း ကယ်တင်ပေးနိုင်တော့မှာဖြစ်ကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်း ကိုဗစ် -၁၉ လူနာထားရှိဖို့အတွက်  ပုသိမ်၊ ဟင်္သာတ၊ မအူပင် ဆေးရုံကြီးတို့တွင် အသက်ရှုစက်များ တပ်ဆင်ထားနိုင်ခဲ့ပြီဖြစ်ကြောင်း ” ပြောကြားသည်။

 

ကိုတွတ်(ပြန်/ဆက်)