ပုသိမ်       မေ     ၆

 

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ ပုသိမ်တက္ကသိုလ်၌ နည်းပြ/သရုပ်ပြ ဆရာ၊ဆရာမသစ်များအား ကြိုဆိုဆိုပွဲကို မေ ၆ ရက် နံနက်ပိုင်းက အဆိုပါတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမ၌ ပြုလုပ်ရာ ပုသိမ်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသန်းထွန်းက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြား ခဲ့သည်။ ကြိုဆိုပွဲသို့ နည်းပြ/သရုပ်ပြ ဆရာ၊ ဆရာမအသစ် ၃၄ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

ခရိုင်(ပြန်/ဆက်)