နေပြည်တော်၊ စက်တင်ဘာ-၂၃

မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များကို ပြန်လည်ဖော်ထုတ်သည့်အနေဖြင့် ခေတ်အဆက်ဆက် မြန်မာအမျိုးသား များနှင့် အမျိုးသမီးများ၏ ဝတ်စားဆင်ယင်မှုများကို အများပြည်သူများနှင့် မျိုးဆက်သစ်လူငယ်များ ပိုမို အလေးထား လေ့လာမှတ်သားနိုင်စေရန် ရည်ရွယ်၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ စာတိုက်လုပ်ငန်းမှ ပျူခေတ်အမျိုးသား/ အမျိုးသမီးများ၏ ဝတ်စားဆင်ယင်မှုပုံများဖြင့် အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် (၂၀ဝ ကျပ်တန်) (၂)မျိုးကို စက်တင်ဘာ (၂၇) ၊ မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်၊ တော်သလင်း လပြည့်ကျော် (၇)ရက် နံနက် ၉ နာရီခွဲမှ စတင်၍ နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးတို့နှင့် တိုင်းဒေသကြီး / ပြည်နယ်များရှိ စာတိုက်များတွင် ရောင်းချပေးသွားမည်ဖြစ်သည်။

သမ

အထူးအစီအစဉ် တစ်ရပ်အနေဖြင့် နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနှင့် မန္တလေး စာတိုက်ကြီးတို့တွင် စက်တင်ဘာ (၂၇)တွင် ဝယ်ယူသော စာပို့တံဆိပ်ခေါင်းများပေါ်တွင် နေ့စွဲအမှတ် အသားတံဆိပ် ရိုက်နှိပ်ပေးမည် ဖြစ်သည်။

ဆက်လက်၍လည်း ပုဂံခေတ်နှင့် အင်းဝခေတ် မြန်မာအမျိုးသားများနှင့် အမျိုးသမီးများ၏ ဝတ်စား ဆင်ယင်မှုများကို ထုတ်ဝေရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။ 
(သတင်းစဉ်)