ဘောလခဲ ၁၃ ဧပြီ
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့နယ် ချိကွဲ့ကျေးရွာအုပ်စု နန်းနောက်ကျေးရွာတွင် ယနေ့နံနက်(၉)နာရီကမြို့နယ် မီးသတ်ဦးစီးဌာန မီးသတ်ယာဉ်(၁)စီး၊ (သုခုမ)ပရဟိတ လူမှုရေးအဖွဲ့ မော်တော်ယာဉ်(၄)စီး နှင့် ရွှေဘောလခဲပရဟိတအဖွဲ့ မော်တော်ယာဉ်(၂)စီးတို့ ပူးပေါင်း၍ သောက်သုံးရေလှူဒါန်းခြင်းနှင့် ဘုန်တော်ကြီးကျောင်း၊ စာသင်ကျောင်းနှင့် လူနေအိမ်များအား ပိုးသတ်ဆေးဖျန်းခြင်းများ ဆောင်ရွက်ခဲ့သည်။
ဘောလခဲမြို့နယ်တွင် နှစ်စဉ် နွေရာသီကာလအချိန်၌ ပူပြင်းခြောက်သွေ့မှုနှင့် ရင်ဆိုင်နေရသော်လည်း ယခင်နှစ် နန်းနောက်ကျေးရွာတွင် ရေခန်းခြောက်ခြင်းမှ ကင်းဝေးပြီး ယခုနှစ်မှ သောက်သုံးရေထွက်ပေါက် ခန်းခြောက်လာခြင်း စတင်ဖြစ်ပေါ်ကာ သောက်သုံးရေအခက်အခဲဖြင့် စတင်ကြိုတွေ့နေရကြောင်း သတင်းရရှိသည်။
လှရွှေ(ပြန်/ဆက်)


