ပူတာအို   ၁၀   နို၀င်ဘာ     

ကချင်ပြည်နယ် ပူတာအိုခရိုင် ပူတာအိုဒေသတွင် နှစ်စဉ်လယ်စပါး ရိတ်သိမ်းချိန်ဖြစ်သော နို၀င်ဘာလ လဆန်းမှ စတင်ရိတ်သိမ်းနေပြီ ဖြစ်ကြောင်း သိရသည်။

 

ပူတာအိုဒေသတွင် နို၀င်ဘာလဆန်းမှ စတင်ရိတ်သိမ်းခဲ့ကြရာ ယခုဒုတိယအပတ်တွင် အများပိုင်းရိတ်သိမ်းမှု များပြီးနေပြီ "ဟု ကို အားဖူထံမှ သိရသည်။

 

ပူတာအိုဒေသတွင် ယခင်နှစ်မှစတင်ကာ လယ်စပါးရိတ်သိမ်းခြွေချမှုတွေကို  လက်တွန်း ထွန်စက်ကြီး၊ သေးများဖြင့် ခြွေချလျက်ရှိကြောင်း သိရသည်။

 

ပူတာအိုဒေသတွင် လယ်ယာလုပ်ကိုင်ခြင်းကို အဓိကထားပြီး လုပ်ကိုင်လျက်ရှိပြီး နှစ်စဉ် နို၀င်ဘာလဆန်းမှ စတင်ရိတ်သိမ်းကြပြီး နို၀င်ဘာလကုန်လောက်တွင် အားလုံးနီးပါး ရိတ်သိမ်းခြွေချမှုများ ပြီးစီးကြမည်ဖြစ်ကြောင်း ကိုနောဒီးက ထပ်မံပြောပြသည်။

 

ကိုနောဒီးက ကျွန်တော်တို့လယ်က (၆)ဧကလောက် လုပ်ပါတယ် စီးပွားဖြစ်မဟုတ်ပါဘူး မိသာစု ၀မ်းစာရေးအတွက် ဖြစ်ပါတယ်" ဟု ဦးနောဒီးက ထပ်မံပြောကြားသည်။

နောယော်ဘော်(ပြန်/ဆက်)

 

 IMG_20201110_100