ပူတာအို ၁ ဩဂုတ်
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်လူငယ်ရေးရာကော်မတီရုံးနှင့် လူငယ်ထုများ လူငယ်စင်တာတည်ဆောက် နိုင်ရေးအတွက် မြေနေရာကွင်းဆင်းတိုင်းတာခြင်းကို ယနေ့နံနက်ပိုင်းက ပူတာအိုမြို့ ဒုတ္ထန်ရပ်ကွက်မြေ နေရာ၌ ကွင်းဆင်းတိုင်းတာမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
မြေနေရာတိုင်းတာမှုများကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမိုးရွှေ၊ ပူတာအိုခရိုင်လူငယ်ရေးရာ ကော်မတီများနှင့် သက်ဆိုင်ရာဌာနဆိုင်ရာများ သွားရောက်ကွင်းဆင်း တိုင်းတာခြင်းဆောင်ရွက်ခဲ့ကြပြီး ပူတာအိုခရိုင် လူငယ်ရေးရာ ကော်မတီအနေဖြင့် မြေနေရာ လေးဧကကျော်ရရှိထားပြီးဖြစ်ရာ မြေနေရာပိုင်ဆိုင်မှု ရရှိသည်နှင့် အဆောက်အဦဆောက်လုပ်နိုင်ရန် ဘတ်ဂျက်လျှောက်ထားပြီး အဆောက်အဦဆောက်လုပ်ခွင့်ပြု သည်နှင့်တစ်ပြိုင်နက် ဆောက်လုပ်ရေးလုပ်ငန်းများ စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါမြေနေရာတွင် လူငယ်စင်တာဆောက်လုပ်သွားမည်ဖြစ်ကြောင်း၊ လူငယ်ရေးရာကော်မတီအနေ ဖြင့် လူငယ်ရေးရာဦးစီးဌာနဖြစ်ပေါ်လာရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ မြေနေရာတွင် ပူတာအိုခရိုင်လူငယ်ရေးရာကော်မတီရုံးနှင့် လူငယ်စင်တာတွင် အားကစားအမျိုးမျိုးကစားနိုင်ရန်အတွက် အားကစားကွင်းများကိုလည်း ထားရှိသွားမည်ဖြစ်ကြောင်း သိရသည်။
ပူတာအိုခရိုင် လူငယ်ရေးရာကော်မတီအနေဖြင့် လက်ရှိတွင် အဖွဲ့သုံးဖွဲ့ဖြင့် လေဆိပ်၊ အိုးအိမ် Quarantine Center များတွင် Volunteer အဖြစ် ပူးပေါင်းပါ၀င် ဆောင်ရွက်နေပါကြောင်း၊ ဩဂုတ် ၂၁ ရက်နှင့် ၂၃ ရက်တို့တွင် ပူတာအိုခရိုင် လူငယ်ရေးရာကော်မတီတွေ့ဆုံပွဲ ဆောင်ရွက်သွားနိုင်ရန် စီမံဆောင်ရွက်လျက်ရှိပါကြောင်း ကချင်ပြည်နယ် လူငယ်ရေးရာကော်မတီအဖွဲ့၀င် ပူတာအိုခရိုင်လူငယ်ရေးရာကော်မတီ ကိုယ်စားလှယ် ဦးမလောင်ဖေနှောင်းထံမှ သိရသည်။
ဖုန်ကန်(ပြန်/ဆက်)