ပူတာအို မတ် ၁၆
ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်စိုက်ပျိုးရေး ဦးစီးဌာနတို့ ပူးပေါင်းမှုဖြင့် တောင်ယာစနစ်မှရေရှည်တည်တံ့သော ဉယျာဉ်ခြံသီးနှံနှင့်ရာသီ သီးနှံများ ဒွန်တွဲ စိုက်ပျိုးနိုင်သော Agroforestry စနစ်သို့ တဖြည်းဖြည်းပြောင်းလဲနိုင်စေရန်၊ မြေဆီလွှာနှင့် သဘာဝပတ်ဝန်းကျင် ဂေဟစနစ် ပျက်စီးမှုကိုသက်သာစေရန်နှင့် ဒေသခံတောင်သူများဆင်းရဲနွမ်းပါးမှုလျော့ချပြီး လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ ရွှေ့ပြောင်းတောင်ယာစနစ်မှ Agroforestry စနစ်သို့ ပြောင်းလဲခြင်း အသိပညာပေး Talk Show ဆွေးနွေးခြင်းကို မတ် ၁၅ ရက် ညနေ(၃)နာရီက ပူတာအိုခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ကျင်းပခဲ့သည်။
ဆွေးနွေးပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ခင်သူဇာက Agroforestry စနစ်ပြောင်းလဲရခြင်း၏ ရည်ရွယ်ချက်များ၊ Agroforestryစနစ်၏ အဓိပ္ပာယ်၊ ရွှေ့ပြောင်းတောင်ယာစနစ်မှ Agroforestry စနစ်သို့ပြောင်းလဲရခြင်း၏ အကြောင်းအရင်း၊ ရွှေ့ပြောင်း တောင်ယာစနစ်၏ အားနည်းချက်များ၊ ရွှေ့ပြောင်းတောင်ယာစနစ်မှ Agroforestryစနစ်သို့ ပြောင်းလဲခြင်းဖြင့် တောင်သူများရရှိမည့်အကျိုးကျေးဇူးများနှင့် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ဒေသခံတောင်သူများအား အသိပညာပေးရေး လုပ်ငန်းဆောင်ရွက်သွားမည့် အစီအမံများကို မေးခွန်းမေးမြန်းဆွေးနွေးရာ ခရိုင်စိုက်ပျိုးရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမြင့်ထွေးက မေးခွန်း မေးမြန်းဆွေးနွေးချက်များအပေါ် အကျယ်တဝင့် ရှင်းလင်းဆွေးနွေးသည်။
အဆိုပါရွှေ့ပြောင်းတောင်ယာစနစ်မှ Agroforestry စနစ်သို့ပြောင်းလဲခြင်းဖြင့် ပြောင်းလဲလာသောရာသီ ဉတုနှင့် ကိုက်ညီပြီး ရေရှည်တည်တံ့သော ဘေးအန္တရာယ်ကင်းရှင်းသည့် အစားအစာများထုတ်လုပ်နိုင်ခြင်း၊ တောင်ယာများတွင် မိုးသီးနှံအပြီး ဆောင်းသီးနှံနှင့်နှစ်ရှည်သီးနှံများစိုက်ပျိုးလာခြင်းဖြင့် သီးနှံစိုက်စွမ်းအားတိုး မြှင့်လာစေခြင်းနှင့် မြေဆီလွှာနှင့်သဘာဝပတ်ဝန်းကျင်ဂေဟစနစ်များ ပိုမိုကောင်းမွန်လာခြင်းဖြင့် Crop Diversity & Biodiversity ကြွယ်ဝလာနိုင်ခြင်းစသည့် အကျိုးကျေးဇူးများရရှိလာမည်ဖြစ်ကြောင်း ခရိုင်စိုက်ပျိုး ရေးဦးစီးဌာမှသိရသည်။
ဖုန်ကန်(ပူတာအို)


