ပူတာအို ဧပြီ ၂၉
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ် ရဝမ်စာပေနှင့် ယဉ်ကျေးမှုအသင်း၏ဦးဆောင်မှုဖြင့် ဖွင့်လှစ်ခဲ့သည့် ရဝမ်တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအမွေအနှစ် အဆို၊ အက၊ အတီး၊ အမှုတ်သင်တန်းဆင်းပွဲ အခမ်းအနားကို ဧပြီ ၂၈ ရက်က ပူတာအိုမြို့ ဒုတ္ထန်ရပ်ကွက်ရှိ ရဝမ်အမျိုးသားဉယျာဉ် ခရန်ခူးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပူတာအိုမြို့နယ် ရဝမ်စာပေနှင့် ယဉ်ကျေးမှုအသင်းဉက္ကဋ္ဌ ဦးမဖန်းဆင်ဆုန်းက ယခုသင်တန်းတွင် သင်ကြားပေးသော ဘာသာရပ်(၆)မျိုးသည် ရှေးရဝမ်ဘိုးဘေးအစဉ်အဆက် ထိန်းသိမ်းလာသော အနုပညာ အမွေအနှစ်များဖြစ်သဖြင့် သင်တန်းသား/သူများအနေဖြင့် အနုပညာအမွေအနှစ် တိမ်ကောပပျောက်ခြင်းမရှိစေရန် လက်ဆင့်ကမ်း ထိန်းသိမ်းကြရန်လိုအပ်ကြောင်း ပြောကြားပြီး အတီး၊ အမှုတ်ဘာသာရပ်သင်တန်း နည်းပြ ဦးဘေလားမင်က သင်တန်းတွင် ပို့ချခဲ့သော ဘာသာရပ်များနှင့် ပတ်သက်၍ အမှာစကားပြောကြားကာ သင်တန်းသား တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ဆက်လက်၍ သင်တန်းသား/သူများက သင်တန်းတွင်သင်ကြားပေးခဲ့သော အဆို၊ အက၊ အတီး၊ အမှုတ် ဘာသာ ရပ်များဖြင့် သရုပ်ပြဖျော်ဖြေတင်ဆက်ခဲ့ကြပြီး မြန်မာနိုင်ငံ ရဝမ်စာပေနှင့် ယဉ်ကျေးမှုအသင်းဉက္ကဋ္ဌ ဦးထုံဖူးဒဂုဏ်၊ မြို့နယ် ရဝမ်စာပေနှင့် ယဉ်ကျေးမှုအသင်းဉက္ကဋ္ဌနှင့်အဖွဲ့ဝင် ဦးခန်ထီးခွင်တန်တို့က သင်တန်းဆင်း လက်မှတ်များနှင့် သင်တန်းနည်းပြများအား ဂါရဝပြုအမှတ်တရ လက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့သည်။
အဆိုပါသင်တန်းတွင် သင်တန်းနည်းပြ ကိုးဦးတို့က ရဝမ်တိုင်းရင်းသားများ၏ အမွေအနှစ် အဆို၊ အက၊ အတီး၊ အမှုတ်များမှ ဘာသာရပ်(၆)မျိုးကို ပူတာအိုမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ လူငယ်သင်တန်းသား/သူ စုစုပေါင်း (၇၀)ဦးအား ဧပြီ ၂၄ ရက်မှ ၂၈ ရက်နေ့အထိ ငါးရက်ကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
ဖုန်ကန်(ပူတာအို)