ပူတာအို  သြဂုတ်    

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်၊ မန်စေကျေးရွာအုပ်စု၊ အထက်ဆန်ဂေါင်ကျေးရွာတွင် စိုက်ပျိုးရေး မွေးမြူရေး အသိပညာပေးဟောပြောခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို        သြဂုတ်()ရက် နံနက်ပိုင်းတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဌေးမြင့်၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာမြင့်သူ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးဝင်းဘို၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးစည်သူနှင့် ဝန်ထမ်းများက စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ(GAP) ကောင်းမွန်သော တိရစ္ဆာန်မွေးမြူရေးကျင့်စဉ်များ (GAHP)      ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ အသိပညာပေးဟော ပြောခဲ့ကြပြီး စိုက်ပျိုးရေး မွေးမြူရေးနှင့်  ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်သည့် အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဖုန်ကန်(ပူတာအို)

received_2441485289266420

received_347559192813000