ပူတာအို အောက်တိုဘာ ၂

 

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ပူတာအိုမြို့နယ်၊ မူလာဟောင်းကျေးရွာအုပ်စု၊ မူလာဒီကျေးရွာတွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ဆဌမအကြိမ် ထုတ်ချေးခြင်းကို အောက်တိုဘာ ၁ ရက်က အဆိုပါကျေးရွာ၌ ကျင်းပခဲ့ကြောင်း သိရသည်။

 

အခမ်းအနားတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် စပ်လျဉ်း၍ အမှာစကားပြောကြားပြီး မူလာဒီကျေးရွာမှ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ ၆ ဦးကို ငွေကျပ်သိန်း ၆၀၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ ၃၆ ဦးကို ငွေကျပ် ၂၄၅ သိန်း၊ အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူ ၁၉ ဦးကို ငွေကျပ်သိန်း ၁၈၀နှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းလုပ်ကိုင်သူ ၁ ဦးကို ငွေကျပ် ၁၀ သိန်း၊ စုစုပေါင်း ၆၂ ဦးအား ငွေကျပ် ၄၉၅ သိန်းကို တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ နေ့ချင်းပြီး ထုတ်ချေးပေးခဲ့ကြသည်။

 

အဆိုပါစီမံကိန်းချေးငွေများ ထုတ်ချေးပေးခြင်းဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်မှ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်ခဲ့သည့် စီးပွားရေးလုပ်ငန်းများအား အမြန်ဆုံးကုစားနိုင်တော့မည် ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အိအိမွန်က ပြောပြခဲ့သည်။

 

မင်းမြင့်မိုရ်(ကျေးလက်)