ပူတာအို ၅ မေ
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေးပိုစတာများ ကျေးရွာအရောက် ဖြန့်ဝေခြင်းကို ယနေ့ နံနက်ပိုင်းက ဖြန့်ဝေပေးခဲ့ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေးပိုစတာများကို UNICEF နှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ပူတာအိုမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာမှ ၀န်ထမ်းများက မြို့ နယ်အတွင်းရှိ မူလာအွန်ကျေးရွာ၊ ဇီအွန်ကျေးရွာ ၊ နောင်ခိုင်ကျေးရွာ၊ ပင်စင်ကျေးရွာ၊ ဆာရ်ခွမ်ဒမ်းကျေးရွာတို့တွင် ဖြန့်ဝေခဲ့သည်။
ထို့ပြင် မြို့ပေါ်ရပ်ကွက်ရှိ မြို့မယာယီပျံကျဈေးနှင့် လေယာဉ်ကွင်း ယာယီပျံကျဈေးသို့ သွားရောက်ပေးအပ်ရာ သက်ဆိုင်ရာကျေးရွာနှင့် ဈေးတာ၀န်ရှိသူများက လက်ခံရယူကြသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေး အသိပညာပေးပိုစတာများကို လူအသွားအလာများသော နေရာများ၌ ကပ်ထားခြင်းဖြင့် ပြည်သူများ ကြည့်ရှုလိုက်နာနိုင်ရန်အတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
ဖုန်ကန်(ပူတာအို)


