ပူတာအို  ဒီဇင်ဘာ  ၃၁

           

ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၂၀၂၂-ခုနှစ် ဇန် နဝါရီ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ဒီဇင်ဘာ(၃၁)ရက် နံနက်(၈)နာရီက ပူတာအိုမြို့ မြို့မစည်ပင် သာယာစေျး(မနက်စေျး)တွင် စေျးရောင်းစေျးဝယ်ပြည်သူများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

           

လက်ကမ်းစာစောင်တွင် မြန်မာ့လွတ်လပ်ရေးကာလတစ်လျှောက် ချုပ်ဆိုခဲ့သောစာချုပ်များ၊ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည်ချက်(၄)ရပ်၊ ဗိုလ်ချုပ်အောင်ဆန်း၏ အလယ် ပစ္စယံညီလာခံ၌ ပြောကြားသောမိန့်ခွန်းမှ ကောက်နုတ်ချက်၊ ၁၉၄၈-ခုနှစ် ဇန်နဝါရီ(၄)ရက် ပထမ ဆုံးသောလွတ်လပ်ရေးနေ့အခမ်းအနားတွင် ဝန်ကြီးချုပ် ဦးနုပြောကြားခဲ့သည့် မိန့်ခွန်းမှကောက်နုတ် ချက်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏(၆)လပြည့် နိုင်ငံတော်တာဝန်ထမ်းဆောင်ခဲ့မှုနှင့် ပတ်သက်၍ ပြောကြားသည့် မိန့်ခွန်းမှကောက်နုတ်ချက်၊ လွတ်လပ်ရေးနှင့်ဆိုင်သည့်ကဗျာ၊ ဆောင်ပုဒ်များနှင့် ကာ တွန်းတို့ကို ထည့်သွင်းဖော်ပြထားကြောင်း သိရသည်။

           

အဆိုပါ သတင်းစကားလက်ကမ်းစာစောင်များကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ခင်သူဇာနှင့်ဝန်ထမ်းများက (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန(ရုံးချုပ်)မှ တာဝန်ယူထုတ်ဝေသည့် သတင်းစကား လက်ကမ်းစာစောင် စုစုပေါင်း(၂၈၂)စောင်တို့ကို ပြည်သူများ လက်ဝယ်အရောက် အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။

                                                                                                                            

ဖုန်ကန်(ပူတာအို)