ပူတာအို၌ အား/ကာသိပ္ပံ(မန္တလေး)၏ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် အားကစားသမားများ ပဏာမရွေးချယ်

ပူတာအို   ၃၀   မတ်      

 

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်တွင် အားကစားနှင့်ကာယပညာသိပ္ပံ(မန္တလေး) ကျောင်းအုပ်ကြီး ဦးမျိုးမြင့်အောင် ဦးဆောင်၍ အားကစားနှင့် ကာယပညာသိပ္ပံ(မန္တလေး)၏  ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် အားကစားသမား သင်တန်းသားသင်တန်းသူ ပဏာမရွှေးချယ်မှုများကို မတ် ၃၀ ရက်က ပူတာအိုမြို့ ပြည်သူ့အားကစားကွင်းတွင် ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ယခင်က မြစ်ကြီးနား၊ ဗန်းမော်၊ မိုးညှင်းခရိုင်များသို့ သွားရောက်ရွေးချယ်ခဲ့ပြီး ပူတာအိုခရိုင်အနေဖြင့် မြစ်ကြီးနားသို့ သွားရောက်ကာ အရွေးချယ်ခံခဲ့ရကြောင်း၊ ပူတာအို-မြစ်ကြီးနားသို့ သွားရောက်ရာတွင် တစ်ဦးလျှင်နှစ်သိန်းနီးပါးကုန်ကျသဖြင့် (၁၀)ဦးလျှင် သိန်း(၂၀)ခန့်ကုန်ကျမည်ဖြစ်ပါ၍ များစွာအခက်အခဲရှိခဲ့ပါကြောင်း၊ ထို့ကြောင့် အကုန်အကျသက်သာ၍ သင်တန်းသူသင်တန်းသားများ ပူတာအိုခရိုင်မှ များများရရှိရေးအတွက် ကိုယ်တိုင် ကိုယ်ကျလာရောက်ပြီး  ရွေးချယ်ရခြင်းဖြစ်ကြောင်း သိရသည်။

 

အဆိုပါအားကစားနှင့် ကာယပညာသိပ္ပံ(မန္တလေး)တွင် အားကစားနည်း(၂၂)မျိုးကို သင်ကြားပို့ချ ပေးလျက်ရှိကြောင်း ၊ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် သင်တန်းသားသင်တန်းသူ (၅၁၇)ဦးကို  သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း၊ ပူတာအိုခရိုင်တွင် အထူးသဖြင့် (၇)တန်းမှစတင် ရွေးချယ်ခဲ့သော်လည်း(၆)တန်း ဖြေဆိုထားသူများ၊ အသက်အနေဖြင့် (၁၃)နှစ်ထက်မငယ် (၁၇)နှစ်ထက်မကြီး၊  အရပ်အနေဖြင့် (မ) ၅ပေ၁ လက်မ၊ (ကျား)၅ပေ၇လက်မတို့ကို ရွေးချယ်သွားမည်ဖြစ်ကြောင်း၊ ဧပြီလကုန်တွင် တိုင်းနှင့်ပြည်နယ်များမှ ရွှေးချယ်ခံထားရသော သင်တန်းသားသင်တန်းသူများကို မန္တလေးမြို့တွင် အပြီးသတ်ရွေးချယ်သွားမည် ဖြစ်ကြောင်း သိရသည်။

 

ဖုန်ကန်(ပူတာအို)