ပူတာအို   ၁၆ ဇူလိုင်    


ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်တွင် ကျောင်းအခြေပြုစာကြည့်တိုက်များ အောင်မြင်ရှင်သန်လာစေရေးနှင့် ကျောင်းနေအရွယ်မှ စတင်၍ စာအုပ်စာပေလေ့လာဖတ်ရှုတတ်သော စိတ်များမွေးမြူပေးနိုင်စေရန် အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူးကျင်းပသော ကျောင်း အခြေပြုစာဖတ်ရှိန်မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲနှင့် စာကြည့်တိုက်ပညာဆင့်ပွားသင်တန်းကို ဇူလိုင် ၁၅ ရက် နံနက် ၉ နာရီတွင် လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပခဲ့ သည်။


အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးအရာရှိ ဒေါ်စန်းယုမော်က သင်တန်းကျင်းပရခြင်း ရည်ရွယ်ချက်နှင့် ခရိုင်စာကြည့်တိုက်က ဆောင်ရွက်လျက်ရှိသော စာဖတ်ရှိန် မြှင့်တင်ရေးဆိုင်ရာ လုပ်ငန်းစဉ်များအကြောင်းကို ရှင်းလင်းဆွေးနွေးပြီး မြို့နယ်ပညာရေးမှူးဦးအမ်ထင်ဆန်းက ကျောင်းစာကြည့်တိုက်များစာဖတ်သူများတိုးပွားရေးဆောင်ရွက်ခြင်းဆိုင်ရာများကိုဆွေးနွေးခဲ့သည်။


ထို့နောက် သင်တန်းသို့တက်ရောက်လာသော ပူတာအိုမြို့နယ်အတွင်းရှိ ကျောင်းများမှ ကျောင်းဆရာ ဆရာမများ၊ ကျောင်းစာကြည့်တိုက်တာဝန်ခံများ အုပ်စုခွဲ၍ ရွေ့လားစာကြည့်တိုက်ပြုလုပ်စဉ်ကြုံတွေ့ရသည့် အခက်အခဲများ၊ ဖြေရှင်းဆောင်ရွက်ရမည့် အကောင်းဆုံနည်းလမ်းများကို အဖွဲ့လိုက် ဆွေးနွေးခဲ့ကြသည်။ ဆက်လက်၍ စာကြည့်တိုက်ပညာ ဆင့်ပွားသင်တန်းကို ခရိုင်ဦးစီးအရာရှိ ဒေါ်စန်းယုမော်က စာကြည့်တိုက်စာအုပ်များ စာစုလုပ်ငန်းဆိုင်ရာများကိုလည်းကောင်း၊ ဒုတိယဦးစီးမှူးဦးစိုးမိုးနိုင်က စာပြုလုပ်ငန်း ဆိုင်ရာများကိုလည်းကောင်း၊ ဆွမ်ပရာဘွမ်မြို့နယ်ဦးစီးမှူးဦးဂွာဇာလေးက စာဖြန့်လုပ်ငန်းဆိုင်ရာများကို အသီးသီးဆွေးနွေးကြရာ တက်ရောက်လာကြသော သင်တန်းသား (၃၀)ဦးတို့က သိရှိလိုသည်များ ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


ဆန်းညွှန့်(ပူတာအို)