ပူတာအို ၂၀ အောက်တိုဘာ
ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် ရွှေဆံပင်ဆရာတော် အရှင်ဝေပုလ္လ ဦးဆောင်မှုဖြင့် ကလေးအထူးတရားပွဲ၊ ဝတ်စုံနှင့် စာရေးကိရိယာ လှူဒါန်းပွဲကို အောက်တိုဘာ ၁၉ ရက် ညနေ ၃ နာရီတွင် ကောင်းမှုလုံစေတီတော် ပရဝုဏ်အတွင်းရှိ တေဇသာရဓမ္မဗိမာန်၌ ကျင်းပသည်။
ရှေးဦးစွာ ရွှေဆံပင်ဆရာတော် ဦးဆောင်သော တပည့် ဒါယကာ ဒါယိကာမများက ပူတာအိုခရိုင်အတွင်းရှိ ဓမ္မစကူးလ်ကျောင်းများမှ ကျောင်းသားကျောင်းသူ (၉၈၉)ဦးတို့အား ဝတ်စုံများနှင့် စာရေးကိရိယာများ ပေးအပ်လှူဒါန်းသည်။
ထို့နောက် ကျောင်းသားကျောင်သူများက တူညီဝတ်စုံများဝတ်ဆင်ကြပြီး ရွှေဆံပင်ဆရာတော် အရှင်ဝေပုလ္လထံမှ ကလေးအထူးပြုစု တရားတော်များကို နာကြားကြည်ညိုကြသည်။ အဆိုပါကလေးအထူးတရားပွဲသို့ ဦးထင်ကျော်(နိုင်ငံတော်သမ္မတဟောင်း)က လာရောက်၍ အားပေးစကား ပြောကြားကြောင်း သိရသည်။
ဆန်းညွန့်(ပူတာအို)


