ပူတာအို ၁၂ မေ

 

ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းကော်မတီဉက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်သည် လုပ်ငန်းကော်မတီအတွင်းရေးမှူးနှင့် ခရိုင်အဆင့် ကော်မတီဝင်များ၊ ပူတာအိုနှင့် ခေါင်လန်ဖူးမြို့နယ်တို့မှ တာဝန်ရှိသူများနှင့်အတူ ပူတာအိုမြို့နယ်တွင် ဖွင့်လှစ်ထားသည့် Community Base Facility Quarantine Center များသို့ မေ ၁၂ ရက် နံနက်ပိုင်းက သွားရောက်ကွင်းဆင်းကာ Quarantine ဝင်နေသည့် နေရပ်ပြန်ပြည်သူများနှင့် တွေ့ဆုံပြီး အားပေးစကားပြောကြားခဲ့သည်။

 

ခရိုင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းကော်မတီဉက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာ၀န်ရှိသူများသည် Community Base Facility Quarantine Center များဖြစ်သည့် နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၊ အမျိုးသမီးအိမ်တွင်းမှု သင်တန်းကျောင်း၊ ..က လေယာဉ်ကွင်းကျောင်း၊ ..က(ခွဲ) မူလာဒီကျောင်းတွင် Quarantine ဝင်နေသည့် နေရပ်ပြန်ပြည်သူများနှင့် တွေ့ဆုံကာ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ (၂၁)ရက်ပြီးမြောက်သည်အထိ စည်းကမ်းတကျ နေထိုင်သွားရေးနှင့် အားပေးစကားပြောကြားပြီး Quarantine Center များတွင် သောက်သုံးရေပြတ်လပ်မှု မရှိစေရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။

 

အဆိုပါ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် ပူတာအိုမြို့နယ်မှ (၁၈)ဦး၊ နောင်မွန်မြို့နယ်မှ (၁)ဦး၊ အမျိုးသမီးအိမ်တွင်းမှု သင်တန်းကျောင်းတွင် ခေါင်လန်ဖူးနှင့် နောင်မွန်မြို့နယ်မှ (၂၂)ဦး၊ အ.ထ.က လေယာဉ်ကွင်းကျောင်းတွင် ပူတာအိုမြို့နယ်မှ (၈)ဦး၊ အ.လ.က(ခွဲ) မူလာဒီကျောင်းတွင် ပူတာအိုမြို့နယ်မှ (၂၇)ဦး Quarantine ဝင်ရောက်နေခြင်းဖြစ်ပြီး အမျိုးသမီးအိမ်တွင်းမှု သင်တန်းကျောင်းတွင် Quarantine ဝင်နေသည့် ခေါင်လန်ဖူးမြို့နယ်မှ (၁၇)ဦးသည် မေ ၁၃ ရက်တွင်လည်းကောင်း၊ အ.လ.က(ခွဲ) မူလာဒီကျောင်းတွင် Quarantine ဝင်နေသည့် ပူတာအိုမြို့နယ်မှ (၁၄)ဦးသည် မေ ၁၄ ရက်တွင်လည်းကောင်း အသွားအလာကန့်သတ် (၂၁)ရက်ပြီးမြောက်မည်ဖြစ်၍ နေအိမ်တွင်လည်း ခုနစ်ရက် ဆက်လက်အသွားအလာ ကန့်သတ်စောင့်ကြည့်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ဖုန်ကန်(ပူတာအို) (ပြန်/ဆက်)