လိပ်သို ၁၀ ဧပြီ
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့တွင် Quarantine Centerတွင် အသွားအလာကန့်သတ်မှုခံယူခြင်း (၁၄)ရက် ပြည့်မြောက်ပြီးနောက် မိမိအိမ်သို့ ပြန်ကြမည့်သူများ လိုက်နာရမည့်အချက်များအား အသိပညာပေးခြင်းကို ဧပြီ ၉ ရက်နေ့ နံနက်ပိုင်းက လိပ်သိုမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သွားရောက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် လိပ်သိုမြို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဉက္ကဌ၊ အမှတ်(၂)ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ နယ်မြေခံ ရဲတပ်ဖွဲ့တို့မှ လိုက်ပါပူးပေါင်း၍ Quarantine Center တွင် အသွားအလာကန့်သတ်မှုခံယူခြင်း (၁၄)ရက် ပြည့်မြောက်ပြီးနောက် မိမိအိမ်သို့ ပြန်ကြမည့်သူများ လိုက်နာရမည့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ကျန်းမာရေး အသိပညာမြှင့်တင်ရေးဌာနခွဲနှင့် ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲမှ ထုတ်ပြန်သော အချက်(၁၂)ချက်နှင့် လူစုလူဝေးရှိသောနေရာများသို့ လုံးဝ(လုံးဝ)သွားရောက်ခြင်းမပြုရန်၊ မဖြစ်မနေအပြင်ထွက်ပြီး ပြန်လာပါက လက်ဆေးရန် စသည့်အချက်များကို အသံချဲ့စက်ဖြင့် အသိပညာပေးပြီး လေ့လာဖတ်ရှုနိုင်စေရန် ဂျာနယ်များ ပေးအပ်ခဲ့ကြကြောင်းသိရသည်။
စောဝေါ်ကွောထူး (ပြန်/ဆက်)