ပွင့်ဖြူ    ၁၆    ဇွန်   

  

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်၌ ကျောင်းဖွင့်ရာသီကာလ ဆရာ၊ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ ကိုဗစ် - ၁၉ ရောဂါကင်းဝေးစေရေးအတွက် မြို့နယ်ကိုဗစ် - ၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ၏ လမ်းညွှန်မှုဖြင့် အခြေခံပညာစာသင်ကျောင်းများ ပိုးသတ်ဆေးဖျန်းခြင်းကို ယမန်နေ့ ညနေပိုင်းက ပွင့်ဖြူမြို့နယ်ကုန်းဇောင်းနယ်မြေမီးသတ်စခန်းမှ လက်ထောက် မီးသတ်ဦးစီးမှူး ဦးဇော်ခိုင်လတ်နှင့် မီးသတ်တပ်ဖွဲ့ဝင် များက Quarantine Centre အဖြစ် အသုံးပြုခဲ့သည့် ပွင့်ဖြူမြို့နယ် ကုန်းဇောင်း(အ.ထ.က)ကျောင်းသို့ သွားရောက်ပြီး  ကိုဗစ် - ၁၉ ရောဂါအန္တရာယ်ကင်းဝေးစေရေး ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ပညာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ ဇူလိုင်လ ၂၁ ရက်တွင် မြို့နယ်အတွင်းရှိ အခြေခံပညာစာသင် ကျောင်းများ ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ရာ ကျောင်းဖွင့်ရာသီကာလ ဆရာ၊ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ ကိုဗစ် - ၁၉ ရောဂါအန္တရာယ်ကင်းဝေးစေရေးအတွက် ကြိုတင်ကာကွယ်သည့်အနေဖြင့် ပိုးသတ်ဆေးဖျန်း ခြင်းလုပ်ငန်းကို ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရပြီး ပိုးသတ်ဆေးများ ပက်ဖျန်းပေးရာတွင် ကုန်းဇောင်းနယ်မြေမီးသတ်စခန်းမှ လက်ထောက် မီးသတ်ဦးစီးမှူး ဦးဇော်ခိုင်လတ်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက ကုန်းဇောင်း(အ.ထ.က)ကျောင်းရှိ Quarantine Centre အဖြစ်အသုံးပြုခဲ့သည့် စာသင်ခန်းများ ၊ ကျောင်းတွင်း/ ကျောင်းပြင် နေရာများနှင့် ရေချိုခန်း ၊ အိမ်သာများမကျန် နေရာအနှံ့ ပိုးသတ်ဆေးများ စုပေါင်းပက်ဖျန်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ထို့အပြင် ယခုကဲ့သို့ ပိုးသတ်ဆေးပက်ဖျန်းခြင်းလုပ်ငန်းကို မြို့နယ်အတွင်း ကျန်ရှိသည့် စာသင်ကျောင်း များကိုလည်း ကျောင်းဖွင့်ရာသီကာလ ဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူများ ကိုဗစ် - ၁၉ ရောဂါ ကင်းဝေးစေရေးအတွက် ဆက်လက်ပက်ဖျန်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် မီးသတ်ဦးစီးမှူး ဦးအောင်သီဟထံမှ သိရသည်။  

 

 ရဲဝင်းနိုင် ( ညောင်ဦး )