ဟုမ္မလင်း   ၁၆    မေ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ မိုင်းကိုင်းအုပ်စု၊ နမ့်တောစံပြကျေးရွာ အထက်တန်းကျောင်းတွင် ဖွင့်လှစ်ထားသည့် Quarantine Centre တွင်အရက်သေစာသောက်စားပြီး မူးယစ်ရမ်းကားသူ အမျိုးသား ၉ ဦးအား မေ ၁၅ ရက်နေ့တွင် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ ဥပေဒေပုဒ်မဖြင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

မေ ၁၃ ရက်နေ့  နေ့လယ်ပိုင်းအချိန် ခန့်တွင် Quarantine ၂၁ ရက် စောင့်ကြည့်ထားရှိသည့် အသွားအလား အကန့်သတ်ခံထားရသူ အမျိုးသား(၉)ဦးသည် ကျောင်းဝင်းအတွင်း တစ်ဦးနှင့် တစ်ဦးနီးကပ်စွာဝိုင်းဖွဲ့ အရက်သေစာ သောက်စားမူးယစ်ပြီး ရမ်းကားလျက်ရှိသဖြင့် မိုင်းကိုင်းကျေးရွာအုပ်စု သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ Quarantine သတ်မှတ်ချက်နှင့်အညီ နေထိုင်ကြရန် မှာကြားထားသော်လည်း အဆိုပါ(၉)ဦးမှာ လိုက်နာရန်ပျက်ကွက်ကာ ဆက်လက်ပြီး  မူးယစ်သေစာသောက်စား ရမ်းကာနေသဖြင့် ၎င်းတို့ကို မိုင်းကိုင်းနယ်မြေရဲစခန်းက အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

လင်းလင်း(ပြန်/ဆက်)