ရာဂီမုန်တိုင်းဒဏ်ကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး မြစ်ရေကြီးသည့်အတွက် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သဖြင့် ရေဘေးသင့်ဒေသများရှိ မိုဘိုင်းဖုန်းသုံးစွဲသူပြည်သူများ ဆက်သွယ်ရေးလွယ်ကူ အဆင်ပြေချောမွေ့စေရန် အခမဲ့ ဖုန်းပြောဆိုခွင့်နှင့် အခမဲ့စာတိုပေးပို့အသုံးပြုခွင့်ကို စက်တင်ဘာ ၁၃ ရက်မှ စတင်၍ ၇ ရက်အထိ မိုဘိုင်းဆက်သွယ်ရေး အော်ပရေတာများက ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ရာ ယခုအခါ ထပ်မံ၍ ရေဘေးသင့်ဒေသများမှ ဒေသခံပြည်သူများအတွက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) မှ မိုဘိုင်းဖုန်း အချင်းချင်း အခမဲ့ဖုန်း ပြောဆိုခွင့် မိနစ် (၇၀၀) နှင့် အခမဲ့စာတိုပေးပို့ခွင့် အစောင် (၇၀၀) တို့အား စက်တင်ဘာ ၂၀ ရက်မှ ၂၆ ရက်အထိ၊ အက်တမ်မြန်မာလီမိတက် (ATOM) မှ မိုဘိုင်းဖုန်း အချင်းချင်း အခမဲ့ဖုန်းပြောဆိုခွင့် မိနစ် (၃၀၀) နှင့် အခမဲ့စာတို ပေးပို့ခွင့် အစောင် (၃၀၀) တို့အား စက်တင်ဘာ ၂၀ ရက်မှ ၂၂ ရက်အထိ၊ အော်ရီဒူးမြန်မာလီမိတက် (Ooredoo)မှ မိုဘိုင်းဖုန်းအချင်းချင်း အခမဲ့ ဖုန်းပြောဆိုခွင့် အကန့်အသတ်မဲ့နှင့် အခမဲ့ စာတိုပေးပို့ခွင့် အကန့်အသတ်မဲ့တို့အား စက်တင်ဘာ ၂၀ ရက်မှ ၂၆ ရက်အထိ၊ တယ်လီကွန်း အင်တာနေရှင်နယ်မြန်မာ ကုမ္ပဏီလီမိတက် (MYTEL) မိုဘိုင်းဖုန်းအချင်းချင်း အခမဲ့ဖုန်းပြောဆိုခွင့် မိနစ် (၁,၀၀၀) နှင့် အခမဲ့စာတိုပေးပို့ခွင့် အစောင် (၁,၀၀၀) တို့အား စက်တင်ဘာ ၂၁ ရက်မှ ၃၀ ရက်အထိ အသုံးပြုခွင့်ကို ဆောင်ရွက်ပေးလျက်ရှိသည်။
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန


