၃ ဧပြီ

ဘရူနိုင်းနိုင်ငံမှာ တင်းကျပ်တဲ့ရှာဟီလာ အပြစ်ပေးမှုတွေကို ကျင့်သုံးလာအောင် ဆူလတန်က ပြောဆိုရာ ဒီကနေ့ (ဗုဒ္ဓဟူးနေ့) ကစပြီး လူမှုရေးဖောက်ပြန်မှုနဲ့ လိင်တူစုံမက်သူတွေကို ကျောက်တုံးနဲ့ ထုပြီးသတ်နိုင်တဲ့ ဥပဒေက စတင်အသက်ဝင်ပြီဖြစ်ပါတယ်။

 

mdn

 

ယင်း ရှာဟီလာဥပဒေမှာ ခိုးမှုကျူးလွန်သူတွေကို ခြေ၊လက်ဖြတ်ပြီး အပြစ်ပေးခြင်း၊ မုဒိမ်းမှုနှင့် ဓမြမှု ကျူးလွန်သူများကို သေဒဏ်ပေးခြင်း၊ မူစလင်ရော မူစလင်မဟုတ်သူပါ ဖရောဖတ် မိုဟာမက် ကို စော်ကားလျှင် သေဒဏ်ချခံရခြင်း၊ အမျိုးသမီးလိင်တူနှစ်သက်သူများအတွက် ကြိမ်ဒဏ်အချက် ၄၀ နှင့် ထောင်ဒဏ် ၁၀ နှစ်ထိ ကျခံရပေမယ့် အမျိုးသားလိင်တူ နှစ်သက်သူများအတွက် ကျောက်တုံးနဲ့ ထုသတ်တာခြင်း စတဲ့ အပြစ်ပေးမှုတွေများ ပါရှိတာကို တွေ့ရပါတယ်။

 

mdn

 

ဒီလိုအပြစ်ပေးမှုတွေ ကျင့်သုံးမယ်လို့ ဆိုလာတဲ့အတွက် ဘရူနိုင်းပိုင် အမေရိကန်နဲ့ ဥရောပနိုင်ငံများရှိ နာမယ်ကြီးဟော်တယ် (၉) ခု ကိုသပိတ်မှောက်ရန် နာမည်ကျော်ဟောလီဝုဒ်မင်သား ဂျော့ကလိုနီ နှင့် ကမ္ဘာကျော်အဆိုတော် အယ်လ်တန်ဂျွန် တို့က ဦးဆောင်ပြီး လှုံ့ဆော်နေပါတယ်။ အဲဒီလို ဆော်သြပြီးနောက် အမေရိကန်ဒုသမ္မတ ဂျိုး ဘိုက်တန် နှင့် နာမည်ကြီးတွေက သူတို့နာမည်တွေကို ဘရူးနိုင်းပိုင်တဲ့ဟိုတယ်မှာ မတည်းခိုဘူးလို့ ထုတ်ဖော်ပြောဆိုလာတာကို တွေ့ရပါတယ်။

MDN

ကိုးကား - AFP

 

mdn

 

mdn