ကလေး   ၃၀   ဇွန်

 

စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင်ကလေးမြို့နယ်တွင် မက်သဒုံး ဆေးတိုက်ဌာန ဖွင့်လှစ်ခြင်း နှင့် အသိပညာပေးခြင်း အခမ်းအနားကို ယနေ့နံနက်၁၀ နာရီခန့်က ရာဇဂြိုဟ်တိုက်နယ်ဆေးရုံရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

mdn

 

အခမ်းအနားတွင် “ဘိန်းဖြူကို အကြောထဲထိုးသွင်းဒါကြောင့် အသည်းရောင်၊ အသားဝါ၊ ဘီပိုး၊ စီပိုး၊ HIV ပိုးတွေ ကူးစက်နိုင်ပါတယ်၊   မူးယစ်ဆေးဝါးသုံးတဲ့အတွက်တရားဉပဒေအရလဲ အရေးယူခံရနိုင်ပါတယ်။ ပြီးတော့ လူမှုရေးပြဿနာ ၊စီးပွားရေးပြဿနာတွေ ဖြစ်ပေါ်လာတတ်ပါတယ်၊ မက်သဒုံးဆေးကို တစ်နေ့မှာ တစ်ခါသောက်သုံးရုံနဲ့ ဆေးအာနိသင်က ၂၄ နာရီထိခံနိုင်တဲ့အတွက် ဘိန်းဖြူ ခဏခဏ သုံးစရာမလိုတော့ဘူး၊ ပုံမှန်အလုပ်လုပ်နိုင်တယ်၊ အကြောထဲထိုးထွင်းတဲ့ ရောဂါ တွေလည်းမရတော့ဘူး ဒါကြောင့် လူမှုရေးပြဿနာ၊ စီးပွားရေးပြဿနာတွေလည်း မဖြစ်တော့ဘူး ဟု ကလေးခရိုင် ပြည်သူ့ဆေးရုံကြီးမှ အရက် ၊ မူးယစ်နှင့် စိတ်ပိုင်းဆိုင်ရာ အထူးကုဆရာဝန် ဒေါက်တာထက်မြက်စိုးက ပြောကြားသည်။

 

ထို့နောက် (AHRN) ကလေးရုံးမှ စီမံချက်မန်နေဂျာ ဒေါက်တာ ဟောက်ဆွင်းပြောင်မှ လုပ်ငန်း ဆောင်ရွက်မှုများအား အသေးစိတ်ရှင်းလင်းတင်ပြသည်၊ အဆိုပါအခမ်းအနားသို့ တက်ရောက် လာကြသူများအား Masks များပေးဝေခြင်း၊ မက်သဒုံးအစားထိုး ကုသမှုအကြောင်းသိကောင်းစရာ စာစောင်များနှင့် ကျန်းမာရေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

 

ထန်းဖုန်(ပြန်/ဆက်)