စစ်ကိုင်း  ၂၀   အောက်တိုဘာ 


စစ်ကိုင်းမြို့၊ ရာဇမဏိစူဠာကောင်းမှုတော်စေတီတော် ရင်ပြင်တော်ပေါ်တွင် သီတင်းကျွတ်လပြည့်ကျော် ၇ ရက် (အောက်တိုဘာ ၂၀) ရက်နေ့ နံနက်ပိုင်းအချိန်က ပင့် သံဃာအပါး ၁၅၀ အား ဆွမ်းကြီးလောင်းလှူခဲ့ကြောင်း ကောင်းမှုတော်စေတီဂေါပကအဖွဲ့မှ သိရသည်။

ရာဇမဏိစူဠာကောင်းမှုတော်စေတီတော် ဗုဒ္ဓပူဇနိယ ပွဲတော်များကို နှစ်စဉ် သီတင်းကျွတ်လပြည့်နေ့၊ သီတင်းကျွတ်လပြည့်ကျော် ၇ ရက်၊ ၈ ရက်နေ့ နှင့် တန်ဆောင်မုန်းလပြည်နေ့တို့တွင် ကျင်းပပြုလုပ်လျက်ရှိကြောင်း ကောင်းမှုတော်ဘုရားဂေါပကဒုတိယဥက္ကဌ ဦးနီတင်က ပြောသည်။

''စစ်ကိုင်းမြိုရဲ့ ဝါပိတ်ပွဲ၊ဆွမ်းချပွဲ ခေါ်တာပေါ့၊ သံဃာအပါး ၁၅၀ တို့ကို ဆွမ်းဆန်စိမ်းလောင်းလှူတယ်၊ ဆွမ်းဆန်စိမ်းလောင်းလှူတာလည်း ဘုရားကြီးရဲ့ ဂေါစဂန်နယ်တွေဖြစ်တဲ့ စီးတီးရပ်အုပ်စု၊ တင်းတိပ်ရပ်ကွက်အုပ်စု၊ ပဲကတိုးကျေးရွာ အုပ်စုတို့က စေတနာရှင်၊ အလှူရှင် ၂၀ဝ ကျော်မှ လာရောက်ဆွမ်းကြီးလောင်းလှူကြပါတယ် ''ဟု ၎င်းကပြောသည်။

သီတင်းကျွတ်လပြည့်ကျော် ၇ ရက်၊ ၈ ရက်နေ့များတွင် ကျင်းပသည့် ရာဇမဏိစူဠာကောင်းမှုတော်စေတီတော် ဗုဒ္ဓပူဇနိယပွဲတော်တွင် ပင့်သံဃာအပါး ၁၅၀ တို့ကို သီတင်းကျွတ်လပြည်ကျော် ၇ ရက်နေ့ နံနက်ပိုင်းအချိန်တွင် ဆွမ်းဆန်စိမ် လောင်းလှူပြီး ၇ ရက်၊ ၈ ရက်နေ့ ညပိုင်းအချိန်များတွင် မန္တလေးဇာတ်သဘင်ဖြစ်သည့် ပွဲတိုင်းကျော် ဇာတ်သဘင်မှ ဧည်ခံဖျော်ဖြေသွားမည်ဖြစ်ကြောင်း သိရသည်။

ခိုင်ဇေယျ