ရာဇဝင်ရုပ်ရှင်မှာ ပါဝင်သရုပ်ဆောင်ဖို့ လက်ခံစဉ်းစားပေးနေတဲ့ ဆောင်ဂျွန်ကီ

၁၆ မတ်

 


“Descemdants of the Sun” ဇာတ်လမ်းတွဲ ရုပ်ရှင်နဲ့အတူကျော်ကြားလာတဲ့ မင်းသား ဆောင်ဂျွန်ကီဟာ ပြီးခဲ့တဲ့အောက်တိုဘာလအတွင်း လက်ထပ်ခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ရုပ်ရှင်သစ်တွေ လက်ခံရိုက်ကူးခဲ့ခြင်းမရှိသေးတဲ့ မင်းသားဟာ နောက်ထပ်ဇာတ်လမ်းတွဲအဖြစ် ရာဇဝင်ရုပ်ရှင် တစ်ကားမှာ ပါဝင်သွားဖို့ရာ လတ်တလောမှာတော့ လက်ခံစဉ်းစားပေးနေကြောင်း ဟန်စင်းနီးမားဒေါ့ကွန်းရဲ့ ရေးသား ဖော်ပြချက်တွေအရ သိရပါတယ်။

 


ပြီးခဲ့တဲ့သီတင်းပတ်အတွင်း ပေါ်ထွက်လာခဲ့တဲ့ သတင်းတွေအရ ဆောင်ဂျွန်ကီဟာ လက်ရှိမှာ “Asadal”လို့ ယာယီအမည်ပေးထားတဲ့ ဇာတ်လမ်းတွဲတစ်ခုမှာ ပါဝင်သွားဖို့ရာ လက်ခံစဉ်းစားနေတာ ဖြစ်ပါတယ်။ ဒီသတင်းတွေကိုတော့ မင်းသားရဲ့ဖျော်ဖြေရေးအေဂျင်စီကလည်း ဟုတ်မှန်ကြောင်း အတည်ပြုပေးခဲ့ပြီးလည်း ဖြစ်ပါတယ်။ အေဂျင်စီရဲ့ ပြောကြားချက်အရလက်ရှိအချိန်အထိတော့ တိကျတဲ့ ဆုံးဖြတ်ချက်တစ်စုံတစ်ရာ ချမှတ်ခဲ့ပြီးခြင်းမရှိသေးပေမယ့် ဆောင်ဂျွန်ကီအနေနဲ့ အဆိုပါရုပ်ရှင်ကို လက်ခံရိုက်ကူးပေးဖို့ အလားအလာများကြောင်းလည်း သိရပါတယ်။

 


tvN ရုပ်သံလိုင်းက ရိုက်ကူးထုတ်လွှင့်သွားမယ့် ယင်းဇာတ်လမ်းတွဲမှာ ဆောင်ဂျွန်ကီ ပါဝင်သရုပ်ဆောင်သွားမယ့် ဇာတ်ကောင်နဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိသေးသလို ဇာတ်လမ်းအကျဉ်းကိုလည်း အသိပေးခဲ့ခြင်းလည်းမရှိသေးတာကြောင့် ဆောင်ဂျွန်ကီရဲ့ ဇာတ်ကောင်ဟာ မင်းသားတစ်ပါးဖြစ်လေမလား၊ ထူးဆန်းတဲ့ စရိုက်ရှိတဲ့လူတစ်ဦးဖြစ်လေမလား ဆိုတာကလည်း စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။