နေပြည်တော် အောက်တိုဘာ ၇
ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများ ဖြစ်ကြသော ဦးမျိုးတင့်နှင့် ဦးစိုးနိုင် တို့ပါဝင်သည့် အပြီးသတ်ကြားနာဆုံးဖြတ်ရေးအဖွဲ့သည် ယနေ့ နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် ရုံးခန်းအမှတ် (၁)၌ ရုံးထိုင်ပြီး ရာဇဝတ်အထွေေထွေလျှောက်ထားမှု (စာချွန်တော်) (၁)မှုနှင့် တရားမအထွေထွေလျှောက် ထားမှု(စာချွန်တော်) (၄)မှုကို စီရင်ချက်ချမှတ်သည်။
ထို့ပြင် ရာဇဝတ်အထွေထွေလျှောက်ထားမှု(စာချွန်တော်)(၁)မှု နှင့် တရားမအထွေထွေ လျှောက်ထားမှု(စာချွန်တော်)(၄)မှုတို့ကို ရုံးထိုင်ကြားနာခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


